DICA
  Investment Guide
  Business Organization
  Myanmar Investment Guide
  Myanmar Company
Quick Access












Top
Home About Us Link Site Map Contact Us

 

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဆေးဝါးလုပ်ငန်းရှင်များ

လိုက်နာရမည့် အချက်များ

 

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဆေးဝါးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

(၁)   အနောက်တိုင်းဆေးဝါး ထုတ်လုပ်မည်ဆိုပါက Sterile  Product Non- Sterile Product နှင့်Biological Product

        ဟူ၍ ဆေးဝါးအမျိုးအစားအလိုက် အဆောက်အဦများ ခွဲခြားပြီး Clean Room များ အဖြစ် ထုတ်လုပ်ရန်။

 

(၂)   W.H.O ကဲ့သို့ နိုင်ငံတကာအဆင့် GMP ကို အနိမ့်ဆုံးအနေဖြင့် လိုက်နာရန်။

 

(၃)   အနောက်တိုင်းဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီအနေဖြင့် အရည်အသွေး စစ်ဆေးရန်အတွက် Physical Lab,

        Chemical Lab, Biological Lab နှင့် Microbiological Lab တို့ရှိရန်။

 

(၄)   ဓါတ်ခွဲခန်းများကို Production Area နှင့် ခွဲထားရမည်ဖြစ်ပြီး Temperature Control,  Humidity  Control,

        Ventilation System ရှိရန်။

 

(၅)   British Pharmacopoeias (BP),United States Pharmacopoeias (USP), International Pharmacopoeias

        (IP)ကဲ့သို့စနစ်များနှင့်အညီ အရည်အသွေး ထိန်းချုပ်နိုင်ရန်။

 

(၆)   စက်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ် ရရှိထားသည့် ကုမ္ပဏီ များမှဖြစ်ရန်။

 

(၇)   ကုန်ကြမ်း၊ ကုန်ချော သိလှောင်သည့် အဆောက်အဦသည် W.H.O ကဲ့သို့ နိုင်ငံတကာ အသိ အမှတ်ပြု GMPO   များ

        တွင် ဖော်ပြထားသည့် Good Storage Practicos (GSP) သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အဆောက်အဦဖြစ်ရန်။

 

(၈)   ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းများသည် B.P, U.S.P, I.P အဆင့်မီ ဆေးဝါး ကုန်ကြမ်းများဖြစ်ရန်။

 

(၉)   ကုန်ကြမ်းတင်သွင်းသည့်  Supplier များသည် WHO အသိအမှတ်ပြု Certificate ရရှိသည့် ကုမ္ပဏီများ ဖြစ်ရန်။

 

(၁၀) ဆေးဝါး ထုတ်လုပ်ရာတွင် အဓိက အရေးကြီးဆုံးအချက် ဖြစ်သည့် ဆေးဝါးသုံးရေ ရရှိရန် Water  Pre-treatment 

        System များနှင့် Water For Injection(WFI) Water Processing System များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့

        WHO  GMP နှင့်   ASEAN  GMP များအရ သတ်မှတ် ထားသော စနစ်များအတိုင်း အဆင့်ဆင့် စနစ်တကျ လိုက်နာ

        ဆောင်ရွက်ရန်။

 

(၁၁)  ဆေးဝါးထုတ်လုပ်သူ ဝန်ထမ်းများသည် Well  Trained, Skillful  Pharmacisis, Chemists, Biologists

          များဖြစ်ရမည့်အပြင် ကျန်းမာ၍ တစ်ကိုယ်ရည် သန့်ရှင်းမှုကို လိုက်နာနိုင်သူများ ဖြစ်ရန်။

 

 

 

   
« Back  
More »  
   
Copyright © 2005 Ministry of National Planning and Economic Development. All rights reserved.           Designed By MIT Pte. Ltd.