|
မြန်မာကုမ္ပဏီ
ဖွဲ့စည်းမှတ်ပုံတင်ရန် လမ်းညွှန် |
|
ကုမ္ပဏီ
အမည်ရွေးချယ်ခြင်း |
|
ကုမ္ပဏီအမည်ကို ဖွဲ့စည်းပြီး အခြားကုမ္ပဏီအမည်နှင့်
တိုက်ဆိုင်စိစစ်၍ အမည်တူမရှိသည့် မိမိဆန္ဒ နှင့် ကိုက်ညီသော
ကုမ္ပဏီအမည်ကို ရွေးချယ်ရမည်။ ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ထားပြီးဖြစ်သည့်
တည်ဆဲကုမ္ပဏီတစ်ခု၏ အမည်နှင့်ထပ်တူဖြစ်စေ ၊ ဆင်တူရိုးမှား ဖြစ်စေ
မတူညီစေရပါ။
|
|
လုပ်ကိုင်မှုလုပ်ငန်းရွေးချယ်ခြင်း |
|
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အစုရှယ်ယာများဖြင့်
ပေးရန်တာဝန် ကန့်သတ်ထားသော အများ နှင့် မသက်ဆိုင်သည့်
ကုမ္ပဏီဖွဲ့စည်းခွင့် လျှောက်ထားရာတွင် ဆောင်ရွက်ခွင့်ပြုသော
လုပ်ငန်း (၈)မျိုး ရှိပါသည်။ ၎င်းတို့မှာ-
|
(၁) ရောင်းဝယ်ရေးလုပ်ငန်း |
(၂) ဝန်ဆောင်မှုလုပ်ငန်း |
|
(၃) စက်မှုလက်မှုနှင့်ထုတ်လုပ်မှု လုပ်ငန်း |
(၄) ခရီးသွားလုပ်ငန်း |
|
(၅) ဟိုတယ်လုပ်ငန်း |
(၆) ကျောက်မျက်လုပ်ငန်း |
|
(၇) ဆောက်လုပ်ရေးလုပ်ငန်း |
(၈) ဘဏ်လုပ်ငန်း |
|
|
အဆိုပါလုပ်ငန်း(၈)မျိုးအနက် မိမိကြိုက်နှစ်သက်ရာ
စီးပွားရေးလုပ်ငန်း(၁)မျိုးကို ရွေးချယ် ဆောင်ရွက် ရမည် ဖြစ်ပါသည်။
ကုမ္ပဏီမှတ်ပုံတင် ဖွဲ့စည်း တည်ထောင်ရာတွင် ရောင်းဝယ်ရေးလုပ်ငန်း၊
ဝန်ဆောင်မှု လုပ်ငန်း၊ စက်မှုလက်မှု နှင့် ထုတ်လုပ်မှု
လုပ်ငန်းများကို ဆောင်ရွက်လိုပါက စီးပွားရေးလုပ်ငန်း
လုပ်ကိုင်သူမှ မိမိ လုပ်ကိုင်လိုသော စီးပွားရေး လုပ်ငန်းများကို
သင်းဖွဲ့မှတ်တမ်း တွင် ဖော်ပြရမည် ဖြစ်ပါသည်။
ကျန်ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊
ဆောက်လုပ်ရေးလုပ်ငန်း နှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်လိုပါက
သက်ဆိုင်ရာလုပ်ငန်းများ နှင့် ဆက်စပ်ပတ်သက်သည့် လုပ်ငန်း
ရည်ရွယ်ချက် များကို ဆောင်ရွက်နိုင်ပါသည်။
|
|
တင်ပြရမည့်(documents)အထောက်အထားများတွင် ဖြည့်စွက်တင်ပြရမည့်
အသေးစိတ်အချက်များ |
|
|
|
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှုဦးစီးဌာနတွင် မြန်မာကုမ္ပဏီ
ဖွဲ့စည်းတည်ထောင်ရာတွင်
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၅ အရ
သင်းဖွဲ့မှတ်တမ်း(Memorandum Of
Association)/သင်းဖွဲ့စည်းမျဥ်း(Articles of Association) နှင့်
အတူ အောက်ဖော်ပြပါ လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများကို ဤ
ဦးစီးဌာနမှ ဝယ်ယူ၍ ဖြည့်စွက် တင်ပြရမည် ဖြစ်သည်။ |
|
|
|
|
(၁) |
ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ
|
|
(၂) |
ကုမ္ပဏီမှတ်ပုံတင်ကြေညာချက်(ပုံစံ ၁) |
|
(၃) |
ကုမ္ပဏီ၏ တရားဝင်တည်နေရာ အကြောင်းကြားစာ |
|
(၄) |
ကုမ္ပဏီ၏ အဓိကလုပ်ငန်းရည်ရွယ်ချက်များ တင်ပြခြင်း |
|
(၅) |
ဒါရိုက်တာများ အမည်စာရင်း (ပုံစံ ၂၆) |
|
(၆) |
ဒါရိုက်တာများနှင့်ဆက်သွယ်ရန် လိပ်စာအပြည့်အစုံတင်ပြခြင်း |
|
(၇) |
ကုမ္ပဏီဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်း
ဝန်ခံကတိပြုခြင်း |
|
(၈) |
အစုရှင်/ဒါရိုက်တာအဖြစ်အခြားကုမ္ပဏီတွင်ပါဝင်မှု ရှိ-မရှိ
ဝန်ခံချက်တင်ပြခြင်း(အခြားကုမ္ပဏီများတွင်
ပါဝင်ပါက ပါဝင်သည့် ကုမ္ပဏီ၏ မှတ်ပုံတင်လက်မှတ် မိတ္တူနှင့်
ဒါရိုက်တာစာရင်းမိတ္တူ(ပုံစံ-၂၆) တင်ပြရန် |
|
(၉) |
ဒါရိုက်တာများ၏ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ
(အမျိုးသားမှတ်ပုံတင်ကဒ်ဖြစ်ပါက လူဝင်မှု ကြီးကြပ်ရေး နှင့်
ပြည်သူ့အင်အား ဦးစီးဌာန၏ ထောက်ခံချက် ပူးတွဲတင်ပြရန် |
|
(၁၀) |
ဒါရိုက်တာများ၏ သန်ခေါင်စာရင်းမိတ္တူ
(အမှန်တကယ်နေထိုင်သော လိပ်စာနှင့်မတူညီပါက လက်ရှိ နေထိုင်သော
ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ ပူးတွဲတင်ပြရန်။ |
|
(၁၁) |
ကုမ္ပဏီဖွဲ့စည်းရေး လျှောက်ထားရာတွင် ကုမ္ပဏီတွင်
ပါဝင်သော ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးချင်း၏ ရပ်ကွက် ထောက်ခံချက်၊
ရဲစခန်း ထောက်ခံချက်များကို ပူးတွဲတင်ပြရန် |
|
(၁၂) |
လုပ်ငန်းအလိုက် သက်မှတ်ထားသော မတည်ငွေရင်းဖြင့်
တင်ပြရန် |
|
(၁၃) |
အဆိုပြုဒါရိုက်တာမှာ အငြိမ်းစားယူထားသူ/
အလုပ်တာဝန်မှ အနားယူထားသူများဖြစ်ပါက ဝန်ထမ်းမှ
နှုတ်ထွက်ပြီးကြောင်း အထောက်အထား၊ |
|
(၁၄) |
တရားလွှတ်တော်ရှေ့နေ/မှတ်ပုံတင်လက်မှတ်ရ
ပြည်သူ့စာရင်းကိုင်၏ လုပ်ငန်းလိုင်စင်အား အထောက် အထား
ပူးတွဲတင်ပြရန်၊ |
|
(၁၅) |
ဖျက်သိမ်းပြန်လျှောက် ကုမ္ပဏီဖြစ်ပါက
အမိန့်ကြော်ငြာစာ ပူးတွဲပါရှိရန်နှင့် BOD ၏ ပုံစံ-၂၆
ပူးတွဲတင်ပြရန် |
|
(၁၆) |
အမည်တူ ကုမ္ပဏီမှ လုပ်ငန်းကွဲ ထပ်မံဖွဲ့စည်းပါက
ကုမ္ပဏီမှတ်ပုံတင်ကဒ် မိတ္တူ၊ ပုံစံ- ၂၆(မိတ္တူ) BOD မှတ်တမ်း
(မူရင်း) ပူးတွဲတင်ပြရန်၊ |
|
(၁၇) |
ကုမ္ပဏီတွင် ပါဝင်သော
ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး/အဖွဲ့ဝင်များသည် လုပ်ငန်းတူ ကုမ္ပဏီ အသစ်
လျှောက်ထားပါက မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေနှင့်အညီ
ယခင်ဖွဲ့စည်းပြီးသော လုပ်ငန်းတူ ကုမ္ပဏီတွင် ပါဝင်သည့်
ဒါရိုက်တာအဖွဲ့ဝင်များ၏ သဘောတူညီကြောင်း BOD အစည်းအဝေးမှတ်တမ်း
ပူးတွဲတင်ပြရန် |
|
တင်ပြမည့် ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာအား ဖြည့်စွက်ခြင်း |
|
ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာကို ဖြည့်စွက်ရာတွင် ရက်စွဲနေရာ၌
တရားဝင် တင်ပြလျှောက်ထားသည့် ရက်စွဲကို လည်းကောင်း၊
လျှောက်လွှာအောက်ခြေတွင် အဆိုပြုဒါရိုက်တာတစ်ဦး၏ အမည်နှင့်
ကုမ္ပဏီအမည်ကိုလည်းကောင်း ဖြည့်စွက်လျက် အဆိုပြု
ဒါရိုက်တာ၏လက်မှတ်ရေးထိုးတင်ပြရမည် ဖြစ်ပါသည်။
|
|
သင်းဖွဲ့မှတ်တမ်း (Memorandum of Association) |
|
အင်္ဂလိပ်/မြန်မာကုမ္ပဏီ သင်းဖွဲ့မှတ်တမ်း တွင် ဖြည့်စွက်
ရေးသွင်းရန်မှာ -ကုမ္ပဏီအမည်၊ ကုမ္ပဏီ၏ သတ်မှတ် မတည်ငွေရင်း၊
တစ်စုတန်ဖိုး နှင့် အစုရှယ်ယာပေါင်းကို ဖြည့်စွက်ဖော်ပြရပါမည်။
ကုမ္ပဏီ သတ်မှတ်မတည်ငွေရင်း နှင့်တစ်စုတန်ဖိုး တို့ကို
ဖြည့်စွက်ရာတွင် ကိန်းဂဏန်း နှင့် စာဖြင့်ပါ တိကျစွာ ဖော်ပြရမည်
ဖြစ်ပါသည်။
သက်ဆိုင်ရာ လုပ်ငန်းအလိုက် ဆောင်ရွက်မည့်
လုပ်ငန်းရည်ရွယ်ချက်များကို သင်းဖွဲ့မှတ်တမ်းတွင် ဖော်ပြ ရမည်
ဖြစ်ပါသည်။
အဆိုပြုဒါရိုက်တာများ၏ အမည်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင် ၊
နိုင်ငံသားစိစစ်ရေး ကဒ်ပြားအမှတ်၊ ဝယ်ယူသော အစုရှယ်ယာ တို့ကို
ဖြည့်စွက်၍ အဆိုပြုဒါရိုက်တာများ ကိုယ်တိုင်လက်မှတ် ဖြည့်စွက်
တင်ပြ ရမည်။ အောက်ခြေတွင် တရားလွှတ်တော် ရှေ့နေ့ (သို့မဟုတ်)
မှတ်ပုံတင် လက်မှတ်ရ စာရင်းကိုင် တစ်ဦးဦးက ၎င်း၏
ကိုယ်ပိုင်တံဆိပ်တုံးရိုက်နှိပ်၍ လက်မှတ်ရေးထိုးရမည် ဖြစ်ပါသည်။ |
|
သင်းဖွဲ့စည်းမျဉ်း
|
|
အင်္ဂလိပ်/မြန်မာ ကုမ္ပဏီ သင်းဖွဲ့စည်းမျဉ်းတွင်
ဖြည့်စွက်ရေးသွင်းရန်မှာ ကုမ္ပဏီအမည်၊ ကုမ္ပဏီ၏ သတ်မှတ်
မတည်ငွေရင်း၊ တစ်စုတန်ဖိုး နှင့် အစုရှယ်ယာပေါင်းကို
လက်နှိပ်စက်/ကွန်ပျူတာ စာလုံးဖြင့် ဖြည့်စွက် ဖော်ပြရမည်။
ကုမ္ပဏီသတ်မှတ် မတည်ငွေရင်းနှင့် တစ်စုတန်ဖိုး တို့ကို
ဖြည့်စွက်ရာတွင် ကိန်းဂဏန်း နှင့် စာဖြင့်ပါ တိကျစွာ ဖော်ပြရမည်
ဖြစ်ပါသည်။
အနည်းဆုံး ဒါရိုက်တာအရေအတွက် (၂)ဦးနှင့် အများဆုံးအရေအတွက်ကိုမူ
မိမိဆန္ဒအရ သတ်မှတ်ရန် ဖြစ်ပါသည်။(သို့သော် ၅၀ဦး ထက် မပိုစေရပါ။)
ဒါရိုက်တာတစ်ဦး ဖြစ်မြောက်ရန် အတွက် လိုအပ်သော ကုမ္ပဏီအစုရှယ်ယာ
အနည်းဆုံး အစုရှယ်ယာ အရေအတွက်ကို မိမိတို့ဆန္ဒအရ သတ်မှတ်ရန်
ဖြစ်ပါသည်။
အဆိုပြုဒါရိုက်တာများ၏ အမည် ၊ နေရပ်လိပ်စာနှင် အလုပ်အကိုင်၊
နိုင်ငံသား စိစစ်ရေးကဒ်ပြား အမှတ် နှင့် မိမိဝယ်ယူလိုသော
အစုရှယ်ယာတို့ကို ဖြည့်စွက်၍ အဆိုပြုဒါရိုက်တာများ
ကိုယ်တိုင်လက်မှတ် ရေးထိုး ဖြည့်စွက်တင်ပြရမည်။ အောက်ခြေတွင်
တရားလွှတ်တော်ရှေ့နေ့ (သို့မဟုတ်) မှတ်ပုံတင် လက်မှတ်ရ စာရင်းကိုင်
တစ်ဦးဦးက ၎င်း၏ ကိုယ်ပိုင် တံဆိပ်တုံး ရိုက်နှိပ်၍
လက်မှတ်ရေးထိုးရမည် ဖြစ်ပါသည်။ |
|
ကုမ္ပဏီမှတ်ပုံတင်ကြေညာချက်(ပုံစံ ၁) |
|
ကုမ္ပဏီမှတ်ပုံတင်ကြေညာချက်(ပုံစံ ၁) ဖြည့်စွက်ရာတွင် ကုမ္ပဏီအမည်၊
တင်ပြသည့် အဆိုပြုဒါရိုက်တာ အမည်တို့ကို ဖြည့်စွက်၍
အဆိုပြုဒါရိုက်တာ နှင့် တရားလွှတ်တော် ရှေ့နေ့ (သို့မဟုတ်)
မှတ်ပုံတင် လက်မှတ်ရ စာရင်းကိုင် တစ်ဦးဦးက ၎င်း၏ ကိုယ်ပိုင်
တံဆိပ်တုံး ရိုက်နှိပ်၍ လက်မှတ် ရေးထိုးရမည် ဖြစ်ပါသည်။ |
|
ကုမ္ပဏီ၏ တရားဝင် တည်နေရာ အကြောင်းကြားစာ |
|
ကုမ္ပဏီ၏ တည်နေရာ အကြောင်းကြားစာတွင် ကုမ္ပဏီအမည် နှင့်
ရုံးခန်းတည်နေရာ၊ ဖုန်းနံပါတ် ၊ ဖက်စ်နံပါတ်၊ E Mail တို့ကို
အဆိုပြု ဒါရိုက်တာကိုယ်တိုင် လက်မှတ်ရေးထိုး တင်ပြရမည် ဖြစ်ပါသည်။ |
|
ကုမ္ပဏီ၏အဓိကလုပ်ငန်းရည်ရွယ်ချက်များ တင်ပြခြင်း |
|
ရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုလက်မှုနှင့်
ထုတ်လုပ်မှုလုပ်ငန်းများတွင် မိမိတို့ ဆောင်ရွက်လိုသော စီးပွားရေး
လုပ်ငန်းများကို လည်းကောင်း၊ ကျန် ခရီးသွားလုပ်ငန်း၊ ဟိုတယ်
လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့်
ဘဏ်လုပ်ငန်း တို့အတွက် သက်ဆိုင်ရာ လုပ်ငန်းများ နှင့်
ဆက်စပ်ပတ်သက်သည့် လုပ်ငန်းရည်ရွယ်ချက်များကို ဖြည့်စွက်၍ အဆိုပြု
ဒါရိုက်တာ တစ်ဦးမှ လက်မှတ်ရေးထိုး၍ တင်ပြရမည် ဖြစ်ပါသည်။ |
|
ဒါရိုက်တာများ အမည်စာရင်း |
|
ဒါရိုက်တာများ၏ အမည်စာရင်း FORM XXVI ဖြည့်သွင်းရာတွင် ကုမ္ပဏီ
အမည်တင်ပြသည့် အဆိုပြု ဒါရိုက်တာအမည်၊ အဆိုပြု ဒါရိုက်တာများ၏အမည်၊
နိုင်ငံသားစိစစ်ရေး ကဒ်ပြားအမှတ်၊ နေရပ်လိပ်စာ နှင့်
အလုပ်အကိုင်များကို ရေးသွင်းလျက် တင်ပြသည့် အဆိုပြု ဒါရိုက်တာ၏
အမည်နှင့် အဆိုပြု ဒါရိုက်တာ ကိုယ်တိုင် လက်မှတ်ရေးထိုး
တင်ပြရပါမည်။ |
|
ဒါရိုက်တာများနှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ တင်ပြခြင်း |
|
အဆိုပြုကုမ္ပဏီတွင် ပါဝင်သော ဒါရိုက်တာတစ်ဦးချင်းမှ မိမိ၏
အမြဲတမ်းနေရပ်လိပ်စာ၊ လက်ရှိ နေရပ်လိပ်စာ၊ ကုမ္ပဏီ
စတင်ဖွဲ့စည်းသည့်နေ့မှ (၂)လအတွင်း ဆက်သွယ်ရန် နေရပ်လိပ်စာ၊
ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ E Mail အမှတ်များကို ဒါရိုက်တာများ
ကိုယ်တိုင် လက်မှတ်ရေးထိုး တင်ပြရမည် ဖြစ်ပါသည်။
|
|
ကုမ္ပဏီဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်း
ဝန်ခံကတိပြုခြင်း |
|
တင်ပြသည့် ရက်စွဲနှင့် ကုမ္ပဏီအမည်ကို ရေးသွင်းလျက် အောက်ခြေတွင်
အဆိုပြုဒါရိုက်တာမှ လက်မှတ် ရေးထိုးတင်ပြရမည် ဖြစ်ပါသည်။ |
|
အစုရှင်/ဒါရိုက်တာအဖြစ် အခြားကုမ္ပဏီတွင် ပါဝင်မှု ရှိ-မရှိ
ဝန်ခံချက် တင်ပြခြင်း |
|
အဆိုပြုဒါရိုက်တာများသည် အစုရှင်/ဒါရိုက်တာများအဖြစ်
အခြားကုမ္ပဏီတွင် ပါဝင်မှု ရှိ-မရှိကို ဖြည့်သွင်းလျက်
ဒါရိုက်တာအဖွဲ့၏ ကိုယ်စား အဆိုပြုဒါရိုက်တာ တစ်ဦး မှ
လက်မှတ်ရေးထိုး တင်ပြ ရပါမည်။
|
|
ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ရန် အတွက် တင်ပြရမည့် (Documents)
အထောက်အထားများတွင် ဖြည့်စွက် တင်ပြချက်များ ပြည့်စုံပါက
မြန်မာကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ရန် အတွက် မှတ်ပုံတင်ကြေး ကျပ်
၁,ဝဝဝ,ဝဝဝ/- (ကျပ် တစ်ဆယ်သိန်းတိတိ) ကို ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန Issue Building ငွေစာရင်းဌာန
တွင် ပေးသွင်းစေပြီး သက်တမ်း (၆)လရှိသော ကုမ္ပဏီမှတ်ပုံတင် လက်မှတ်
(ယာယီ)အား One Stop Service စနစ်ဖြင့် နေ့ချင်းပြီး ထုတ်ပေးမည်
ဖြစ်ပါသည်။
မှတ်ပုံတင်ကြေးငွေ ပေးသွင်းပြီးသော မြန်မာကုမ္ပဏီများ
ဖွဲ့စည်းမှတ်ပုံတင်ရန် အတွက် EC/Cab သို့ ဆက်လက် တင်ပြရပါသည်။
ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခွင့်
ရရှိပါက သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းစာအုပ်တွင် အခွန်
တံဆိပ်ခေါင်းကပ်ရန် အတွက် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက် ထုတ်ယူ၍ ပြည်တွင်းအခွန်များ
ဦးစီးဌာန၊ အခွန်တံဆိပ်ခေါင်းရုံးတွင် စုစုပေါင်း ကျပ် ၂,ဝဝဝ/
(ကျပ်နှစ်ထောင်ဖိုး)
အခွန်တံဆိပ်ခေါင်း ကပ်ရမည်ဖြစ်ပါသည်။ ပျဉ်းမနားမြို့ရှိ
အခွန်တံဆိပ်ခေါင်းရုံးတွင် ဆောင်ရွက်နိုင်ပါသည်။
အခွန်တံဆိပ်ခေါင်း
ကပ်ပြီးပါက အဆိုပါ စာအုပ်ကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု
နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန သို့ လာရောက် အပ်နှံပြီး
သက်တမ်း(၃)နှစ် ရှိသော ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင် မူရင်း ကဒ်ပြား
ကို ထုတ်ယူရရှိမည် ဖြစ်ပါသည်။
|
|
ယခုအခါ စီးပွားရေးကဏ္ဍ အသီးသီးတွင် လုပ်ကိုင် ဆောင်ရွက်နေကြသော
လုပ်ငန်းရှင်များ အတွက် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး
မလိုလားအပ်သည့် အခက်အခဲများ ကြုံတွေ့ရခြင်း မရှိစေရေး အတွက်
ကုမ္ပဏီ မှတ်ပုံတင်ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်း ရည်ရွယ်ချက်
ရွေးချယ်ရန် လိုအပ်သည့် ရောင်းဝယ်ရေးလုပ်ငန်း၊
ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှု/ထုတ်လုပ်မှုလုပ်ငန်း များတွင်
ကန့်သတ်ချက် များကို နိုင်ငံတော်မှ ဖြေလျော့ပေးလိုက်ကြောင်း၊ ဤသို့
ဖြေလျော့ပေးသည့် အတွက်
လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းအမျိုးအစား ကိုသာ ရွေးချယ်ရမည်
ဖြစ်ပြီး လုပ်ငန်းရည်ရွယ်ချက် ရွေးချယ်ရန် မလိုတော့ဘဲ
လွတ်လပ်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ကုမ္ပဏီ
သက်တမ်းကိုလည်း (၂)နှစ် အစား (၃)နှစ် သို့ တိုးမြှင့် သတ်မှတ်
ပေးထားပါသည်။
|
|