
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၂၀ပြည့်နှစ်၊မေလ၂၂ရက်
၁။ Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် စတုတ္ထအသုတ်အဖြစ် ပူးတွဲပါလုပ်ငန်း (၄၁၇) ခုသို့ခွင့်ပြုငွေပမာဏကျပ် (၁၅.၀၇၉) ဘီလီယံကိုCOVID-19 Fund မှချေးငွေထုတ်ယူခွင့်ပြုလိုက်ပါသည်။
၂။ အဆိုပါချေးငွေထုတ်ယူခွင့်ရရှိသူများအားဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်၍ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါကချေးငွေများထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့်ကျန်ရှိသည့်လျှောက်လွှာများအားချေးငွေများဆက်လက်ထုတ်ပေးနိုင်ရေးစိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

စတုတ္ထအသုတ်အဖြစ် ပူးတွဲပါလုပ်ငန်း (၄၁၇) ခု အား သိရှိနိုင်ပါရန်