
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၆/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် သတ္တမအသုတ်အဖြစ် ပူးတွဲပါလုပ်ငန်း (၃၀၇) ခုသို့ ခွင့်ပြုငွေပမာဏ ကျပ် (၁၄.၅၅၆၄) ဘီလီယံကို COVID-19 Fund မှ ချေးငွေထုတ်ယူ ခွင့်ပြုလိုက်ပါသည်။
၂။ အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတ္တမအသုတ်အဖြစ် ပူးတွဲပါလုပ်ငန်း (၃၀၇) အား သိရှိနိုင်ပါရန်
