CORONAVIRUS DISEASE 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက်(၆/၂၀၂၀)

Print Friendly, PDF & Email

    သတင်းထုတ်ပြန်ချက် (၆/၂၀၂၀)

   ၂၀၂၀ပြည့်နှစ်၊ ဇွန်လ  ၁၅  ရက်

၁။           Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ဆဌမအသုတ်အဖြစ် ပူးတွဲပါလုပ်ငန်း (၂၀၇၈) ခုသို့ ခွင့်ပြုငွေပမာဏ ကျပ် (၄၉.၁၁၆) ဘီလီယံကို COVID-19 Fund မှ ချေးငွေထုတ်ယူ ခွင့်ပြုလိုက်ပါသည်။

၂။            အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆဌမအသုတ်အဖြစ် ပူးတွဲပါလုပ်ငန်း (၂၀၇၈) ခုအား သိရှိနိုင်ပါရန်