CORONAVIRUS DISEASE 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက်(၅/၂၀၂၀)

Print Friendly, PDF & Email

၂၀၂၀ပြည့်နှစ်၊ဇွန်လရက်

၁။           Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပဉ္စမအသုတ်အဖြစ် ပူးတွဲပါလုပ်ငန်း (၂၉၀) ခုသို့ခွင့်ပြုငွေပမာဏကျပ်(၈.၇၃၃၅)ဘီလီယံကိုCOVID-19 Fund မှချေးငွေထုတ်ယူခွင့်ပြုလိုက် ပါသည်။

၂။              အဆိုပါချေးငွေထုတ်ယူခွင့်ရရှိသူများအားဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့်လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည်မဟုတ်ပါကြောင်းနှင့်ကျန်ရှိသည့်လျှောက်လွှာများအားချေးငွေများဆက်လက်ထုတ်ပေးနိုင်ရေးစိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

ပဉ္စမအသုတ်အဖြစ် ပူးတွဲပါလုပ်ငန်း (၂၉၀) ခု အား သိရှိနိုင်ပါရန်