ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ သတင်းထုတ်ပြန်ချက် (၃/ ၂၀၂၁)

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ သတင်းထုတ်ပြန်ချက် (၃/ ၂၀၂၁)

Posted on 06 October 2021

၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေး အတွက်     ကိုဗစ်-၁၉ ရန်ပုံငွေမှ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ် သတ်မှတ်၍ ချေးယူ ခွင့်ပြုသွားမည် ဖြစ်ပါကြောင်းနှင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ရန်ကုန်မြို့) နှင့်  တိုင်းဒေသကြီး/ ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းရုံးများ၌ လက်ခံသွားမည် ဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

၂။ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ချေးငွေ လျှောက်ထားမည့်သူများ အနေဖြင့် လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ချေးငွေ လျှောက်လွှာ နောက်ဆုံး လက်ခံမည့်ရက်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့အထိ အစိုးရ ရုံးပိတ်ရက်များ အပါအဝင် ရုံးချိန်အတွင်း ဆက်လက်လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ထပ်မံ ကြေညာအပ်ပါသည်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ