MIC ခွင့်ပြုမိန့်ရရှိခဲ့ပြီးနောက်ဆောင်ရွက်ရန်ကိစ္စများ

MIC ခွင့်ပြုမိန့်ရရှိခဲ့ပြီးနောက်ဆောင်ရွက်ရန်ကိစ္စများ

အောက်တွင်ဖော်ပြထားသည့် ဆောင်ရွက်ရန်ကိစ္စများသည် MIC ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ရရှိထားသည့် လုပ်ငန်း/ ကုမ္ပဏီများနှင့်သာ သက်ဆိုင်ပါသည်။ ခွင့်ပြုမိန့်ရရှိပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အသေးစိတ်အချက်အလက်များကို ခေါင်းစဉ်ငယ်များအလိုက် အောက်တွင် ဖော်ပြထားပါသည်။

Show Sidebar Menu: 

0
ရင်းနှီးမြှုပ်နှံမှု/မတည်ရင်းနှီးငွေ
ရင်းနှီးမြှုပ်နှံမှု ပမာဏ ပြောင်းလဲခြင်း (ဥပဒေပုဒ်မ ၇၇ (ဃ) နှင့် နည်းဥပဒေ ၈၄၊ ၉၁(ဃ)၊ ၁၀၄)

          ရင်းနှီးမြှုပ်နှံသူက ၄င်းရင်းနှီးမြှုပ်နှံမှုပမာဏပြင်ဆင်(တိုးမြှင့်/လျှော့ချ)လိုလျှင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဌထံ လိပ်မူပြီး အောက်ပါစာရွက်စာတမ်း အထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်-

  •  လျှောက်ထားသည့်စာ(ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရခြင်းအကြောင်း၊ မူလရင်းနှီးမြှုပ်နှံမှု ပမာဏ၊  တိုးမြှင့်လိုသည့်ပမာဏနှင့်  စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ)
  • ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  • ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရာတွင်စက်ပစ္စည်းကိရိယာများတင်သွင်းလိုပါက  တင်သွင်းမည့် စက်ပစ္စည်းကိရိယာစာရင်းကို ပူးတွဲတင်ပြရမည်။ (ရင်းနှီးမြှုပ်နှံမှု လျော့ချရန် တင်ပြ လိုပါက မူလနှင့် တင်သွင်းပြီး၊ ကျန်ရှိသည့် စက်ပစ္စည်းစာရင်းကို တင်ပြရန်)
  • ရင်းနှီးမြှုပ်နှံမှုပုံစံ (ပြင်ဆင်ချက်)
  • ထည့်ဝင်ပြီးရင်းနှီးမြှုပ်နှံမှုပုံစံ (ဇယားဖြင့်)
  • ချေးငွေသဘောတူညီချက်စာချုပ် မူကြမ်း (ရင်းနှီးမြှုပ်နှံမှုကို ချေးငွေနှင့် တိုးမြှင့်လို လျှင်)
  • ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
လုပ်ငန်းတိုးချဲ့ခြင်း (လုပ်ငန်းအမျိုးအစား) (ဥပဒေပုဒ်မ ၇၇(ဃ) နှင့် နည်းဥပဒေ ၈၄,၉၁(ဃ),၁၀၄)

   ရင်းနှီးမြှုပ်နှံသူက  လုပ်ငန်းတိုးချဲ့လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံ လိပ်မူပြီး အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရ ပါမည်-

  •  လျှောက်ထားသည့်စာ (လုပ်ငန်းတိုးချဲ့ရသည့် အကြောင်းရင်းကို တိကျစွာ ဖော်ပြရန်)
  •  ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် မူရင်း
  •  လုပ်ငန်းအမျိုးအစားတိုးချဲ့ခြင်းကြောင့် မတည်ငွေရင်းပမာဏတိုး/မတိုး။
  •  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ပြီး စက်ပစ္စည်းများ တင်သွင်းလိုပါက တင်သွင်းမည့် စက်ပစ္စည်းစာရင်း။
  •   လုပ်ငန်းအမျိုးအစားတိုးချဲ့ခြင်းကြောင့် ထုတ်ကုန်တိုးမြှင့်ခြင်းရှိ/မရှိ၊ ကုန်ကြမ်း တိုးမြှင့်ခြင်း ရှိ/မရှိ၊ ဝန်ထမ်းအင်အား တိုးမြှင့်ခြင်း ရှိ/မရှိ၊ လုပ်ငန်းတည်နေရာ တိုးချဲ့ ခြင်း ရှိ/မရှိ ပြည့်စုံစွာ တင်ပြရန်။
  •    ချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လိုပါက ချေးငွေစာချုပ် (မိတ္တူ)
  •    တင်သွင်းပြီးစက်ပစ္စည်းစာရင်း Balance (ကော်မရှင်ခွင့်ပြုစာအမှတ်၊ ID အမှတ်များ ပြည့်စုံစွာ စာရင်းပြုစုပေးရန်)
  •    ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်)
  •   နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ (ကော်မရှင်သို့ တင်ပြပြီး ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ)

ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။

ချေးငွေခွင့်ပြုချက်(ဥပဒေပုဒ်မ-၅၇)

  ရင်းနှီးမြှုပ်နှံသူက ချေးငွေရယူလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •   လျှောက်ထားသည့်စာ(အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  •   ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  •   ချေးငွေသဘောတူညီချက်စာချုပ်မူကြမ်း (ပြန်လည်ပေးဆပ်ရမည့် အစီအစဉ် နှင့် ငွေပမာဏကို ပူးတွဲတင်ပြရန်)
  •   ရင်းနှီးမြှုပ်နှံမှုပုံစံ (ပြင်ဆင်ချက်)
  •   ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  •   နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ချေးငွေပြင်ဆင်ချက်(နည်းဥပဒေ-၁၇၅၊၁၇၇)

ရင်းနှီးမြှုပ်နှံသူက ချေးငွေပြင်ဆင်လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •   လျှောက်ထားသည့်စာ(အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  •  ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  • ချေးငွေပြင်ဆင်ချက် (ပမာဏ၊ ချေးငှားသူ၊ ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်)
  • ချေးငွေသဘောတူညီချက်ပြင်ဆင်စာချုပ်မူကြမ်း (ပြန်လည်ပေးဆပ်ရမည့်အစီအစဉ် ပါဝင်သည့်)
  • ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
အစုရှယ်ယာ လွှဲပြောင်းအပ်နှံခြင်း (တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံး) ဥပဒေပုဒ်မ ၇၂၊ နည်းဥပဒေ ၁၉၁၊ ၁၉၃

ရင်းနှီးမြှုပ်နှံသူပိုင်ဆိုင်သော ပစ္စည်းများ၏ ၅၀% အထက်အား ရယူလွှဲပြောင်းခြင်း၊ ရင်းနှီး မြှုပ်နှံသူ၏အများစုပိုင်ဆိုင်မှု(သို့) ထိန်းချုပ်မှုကိုရယူလွှဲပြောင်းလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြ၍ ကြိုတင်ခွင့်ပြု ချက်ရယူရမည်-

  •  လျှောက်ထားသည့်စာ(အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  •  ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  • ကုမ္ပဏီအချက်အလက်အကျဉ်းချုပ်
  • ပုံစံ (၈) (လိုအပ်သည့်အထောက်အထားများပူးတွဲရန်)
  • အစုရှယ်ယာလွှဲပြောင်းစာချုပ် (မူကြမ်း)
  • အခွန်ကင်းရှင်းကြောင်းထောက်ခံချက်(လိုအပ်ပါကအခြေပစ္စည်းလွှဲပြောင်းရောင်းချ ခြင်း၊ လဲလှယ်ခြင်းမှ ရရှိသည့် မြတ်စွန်းငွေအပေါ် ပေးဆောင်ရသည့် အခွန်ကို ပေး ဆောင်မည်ဖြစ်ကြောင်း ကတိခံဝန်ချက်)
  • ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင် လျှင်)
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဉပဒေ ၁၉၁၊ ၁၉၂ နှင့် ၁၉၃ တို့အရ ကတိကဝတ်ပြု ချက်       
အမြတ်ငွေအား ပြန်လည် ရင်းနှီးမြှုပ်နှံခြင်း (ဥပဒေ-၇၈ (က)၊ နည်းဥပဒေ-၉၉)

    ရင်းနှီးမြှုပ်နှံသူများက အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံလိုလျှင် အောက်ပါစာရွက်စာတမ်း များကို ပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ၍ လျှောက်ထားရမည်-

  •  လျှောက်ထားသည့်စာ (အမြတ်ငွေရရှိသည့်ဘဏ္ဍာနှစ်နှင့် ပြန်လည်ရင်းနှီးမြှုပ်နှံ မည့်ဘဏ္ဍာနှစ်ဖော်ပြရန်)
  •  ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  •  ပုံစံ (၆) (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဉပဒေပုဒ်မ ၇၈ အရ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားလိုပါက)
  •  စာရင်းစစ်အစီရင်ခံစာ
  •  အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
  • ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
နိုင်ငံခြားငွေအား လွှဲပြောင်းခြင်း (အစုရှယ်ယာ၊ အစုပေါ်အမြတ် (dividend)၊ အမြတ် မူရင်းနိုင်ငံသို့ အစုရှယ်ယာ ပြန်လည်ပေးပို့ခြင်း) ဥပဒေပုဒ်မ- ၅၆(ခ)၊ ၅၉

 ရင်းနှီးမြှုပ်နှံသူများကနိုင်ငံခြားငွေလွှဲပြောင်းလိုလျှင်အောက်ပါစာရွက်စာတမ်းများကိုပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ၍ လျှောက်ထားရမည်-

  •    လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  •    ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  •    စာရင်းစစ်အစီရင်ခံစာ
  •    ဘဏ်လက်ကျန်စာရင်း
  •    ပုံစံ (၁၃) (ဘဏ္ဍာငွေလွှဲပြောင်းခွင့်ပြုပါရန် လျှောက်ထားလွှာ)
  •    အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
  •    ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  •   နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုထားသည့် မြေနှင့် အဆောက်အအုံ အပေါင်ထားခြင်း (ဥပဒေပုဒ်မ-၇၂၊ နည်းဥပဒေ-၁၉၈)

ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသည့် မြေနှင့်အဆောက်အဦကို ရင်းနှီးမြှုပ်နှံသူများက အပေါင်ထား လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •  လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  •  ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  •  အပေါင်သဘောတူစာချုပ် (မူကြမ်း) (အစိုးရဌာနများအတွက် ဉပဒေရေးရာဝန်ကြီး ဌာန၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားရန်)
  • သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက် (မြေပိုင်ရှင်က အစိုးရဌာနဖြစ်လျှင်)
  • ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)

 

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
စက်ပစ္စည်းကိရိယာများ တင်သွင်းခြင်း ဥပဒေပုဒ်မ-၇၇(က)၊ နည်းဥပဒေ-၉၃(က),၁၀၉

      ရင်းနှီးမြှုပ်နှံသူက စက်ပစ္စည်းကိရိယာများ၊ အစိတ်အပိုင်းများ အပိုပစ္စည်းများနှင့် အခြား၊ ပစ္စည်းများကို လုပ်ငန်းတွင်အသုံးပြုရန် တင်သွင်းလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •       လျှောက်ထားသည့်စာ
  •       Proforma  invoic 
  •       အရောင်းစာချုပ်
  •       သက်ဆိုင်ရာ၀န်ကြီးဌာနထောက်ခံချက် (လိုအပ်လျှင်)(င)  စက်ပစ္စည်းလက်ကျန်စာရင်း
  •      မူရင်းအဆိုပြုချက် မိတ္တူ (စက်ပစ္စည်းကိရိယာများ၊ အစိတ်အပိုင်းများ အပိုပစ္စည်းများနှင့်အခြား၊ ပစ္စည်းများတင်သွင်းရန်      လျှောက်ထားမှုနှင့် သက်ဆိုင်သည့် စာရင်းစာမျက်နှာကို ပူးတွဲတင်ပြရမည်။)
  •      ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  •      နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
စက်ပစ္စည်း/စက်ကိရိယာအစိတ်အပိုင်းများလုပ်ငန်းသုံးပစ္စည်းများ အား Invoice နှင့်အတူ တင်သွင်းခွင့်လျှောက်ထားခြင်း (ဥပဒေ ပုဒ်မ-၇၇ (က)၊ နည်းဥပဒေ-၉၃(က)၊ ၁၀၉)

  စက်ပစ္စည်း/စက်ကိရိယာအစိတ်အပိုင်းများ/လုပ်ငန်းသုံးပစ္စည်းများအား တင်သွင်းလို ပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မှု၍ အောက်ပါအချက် အလက်များဖြင့် တင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်--

  •  တင်ပြစာ
  • Proforma Invoice
  • ကော်မရှင်ခွင့်ပြုစာ
  • သက်ဆိုင်ရာဝန်ကြီးဌာန ထောက်ခံချက် (လိုအပ်ပါက)
  • တင်သွင်း/လက်ကျန်စာရင်း
  • ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် မလာရောက်နိုင်ပါက)
  • နောက်ဆုံး ၃ လပတ်အစီရင်ခံစာ(မတင်ပြရသေးပါက)
ကုန်ချောပစ္စည်းများ ပြည်ပသို့တင်ပို့ခွင့် လျှောက်ထားခြင်း (နည်းဥပဒေ- ၁၇၇)

   ကုန်ချောပစ္စည်းများ ပြည်ပသို့တင်ပို့လိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မှု၍ အောက်ပါအချက်အလက်များဖြင့် တင်ပြလျှောက်ထားရမည် ဖြစ်ပါသည်

  •  တင်ပြစာ
  •  Profoma Invoice
  • အဆိုပြုချက်ပါထုတ်ကုန်စာရင်း
  • သက်ဆိုင်ရာဝန်ကြီးဌာနထောက်ခံချက် (လိုအပ်ပါက)
  • ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် မလာရောက်နိုင်ပါက)
  • ၃ လပတ်အစီရင်ခံစာ(မတင်ပြရသေးပါက)
စီးပွားရေးလုပ်ငန်း စတင်ဆောက်ရွက်သည့်နေ့ကို အတည်ပြုချက်ထုတ်ပေးခြင်း (ဥပဒေပုဒ်မ-၇၅(က)၊ နည်းဥပဒေ-၉၃(က),၉၆,၁၄၆)

   ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးလုပ်ငန်းစတင်ဆောက်ရွက်သည့်နေ့ကို တင်ပြလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •  ကုမ္ပဏီ၏တင်ပြစာ ( ပြည့်စုံစွာရေးသားဖော်ပြထားသော လျှောက်လွှာ)
  •   လျှောက်ထားလွှာပုံစံ (၁၄) (စီးပွားဖြစ်စတင်ဆောင်ရွက်သည့်နေ့ရက် တင်ပြခြင်း)
  • ပုံစံ -၆  ( ခွင့်ပြုမိန့်/ အတည်ပြုမိန့်သည်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ  ရယူထားရှိ သည်ဆိုပါက)
  • ငွေသွင်းချလံ
  • ထည့်ဝင်ပြီးငွေကြေးအထောက်အထားများ
  • ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက်
  • ED အထောက်အထား၊  ပြည်တွင်းရောင်းပြေစာ၊  ဝင်ငွေအထောက်အထား
  • (သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ပါမစ်ကဲ့သို့သော လုပ်ငန်းခွင့်ပြုချက် (သစ်လုပ်ငန်း - သစ်ထုတ်လုပ်မှုလိုင်စင် ၊ ပုဂ္ဂလိက စက်မှုလိုင်စင်၊ ဟိုတယ်လုပ်ငန်းလိုင်စင်)
  • မူလတင်သွင်းခွင့်ပြုစာရင်း၊ တင်သွင်းပြီးစာရင်း နှင့် တင်သွင်းရန်ကျန်စာရင်းများ နှိုင်းယှဉ်မှုဇယား ( Machinery/ Equipment /Construction Material  Balance  Sheet )
  • ကိုယ်စားလှယ်လွှဲစာ(အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ်  ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် )  ( Investor  ကိုယ်တိုင်မလာရောက်နိုင်ပါက)
တည်ဆောက်မှုကာလအား တိုးမြှင့်ခြင်း (နည်းဥပဒေ-၁၄၁,၁၄၂)

   ရင်းနှီးမြှုပ်နှံသူများက တည်ဆောက်မှုကာလကို တိုးချဲ့ရန် လျှောက်ထားလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •    ကုမ္ပဏီ၏ တင်ပြစာ (ခိုင်လုံသည့် အကြောင်းအရင်းဖော်ပြချက်)
  •    စက်ရုံတည်ဆောက်ဆဲ  ဓါတ်ပုံအထောက်အထားများနှင့် တည်ဆောက်ပြီစီးမှု ရာခိုင်နှုန်းဖော်ပြချက်)
  •   တင်သွင်းခွင့်ပြုစာရင်းနှင့် တင်သွင်းရန်ကျန်စာရင်းများ ( ကော်မရှင် ခွင့်ပြုစာအမှတ် )
  •  ကိုယ်စားလှယ်လွှဲစာ(အမည်၊ မှတ်ပုံတင်နံပါတ်၊လက်မှတ် ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ် ) ( Investor ကိုယ်တိုင် မလာရောက်နိုင်ပါက)
မြေငှားရမ်းမှုသဘောတူညီချက်စာချုပ်လက်မှတ်နှင့် MIC ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခြင်း (ဥပဒေပုဒ်မ-၇၀၊ နည်းဥပဒေ-၁၃၇၊ ၁၇၅၊ ၁၇၇၊ ၂၀၀၊ ၂၀၅)

  ရင်းနှီးမြှုပ်နှံသူများက မြေငှားရမ်းမှု သဘောတူညီမှုစာချုပ် သက်တမ်း နှင့် လုပ်ငန်းရင်းနှီးမြှုပ်နှံမှု ကာလ၊ ကော်မရှင် ခွင့်ပြုမိန့်သက်တမ်း တိုးမြှင့်လိုလျင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •     လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  •     ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  •    သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက် (မြေပိုင်ရှင်က အစိုးရဌာနဖြစ်လျှင်)
  •    မူလမြေငှားစာချုပ်
  •    ပြင်ဆင်မြေငှားစာချုပ် (မူကြမ်း) (အစိုးရဌာနများအတွက် ဉပဒေရေးရာဝန်ကြီးဌာန ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားရန်)
  •    ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  •    နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
နိုင်ငံခြားသားကျွမ်းကျင်သူခန့်အပ်ခြင်း

   နိုင်ငံခြားသားကျွမ်းကျင်သူခန့်အပ်ခွင့်အတွက်လိုအပ်သည့် စာရွက်စာတမ်းများ

  •  ကုမ္ပဏီတင်ပြစာ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်မြို့ သို့ လိပ်မူ၍ ဝန်ထမ်းအမည်၊ Passport No.၊ နိုင်ငံသား၊ ရာထူး၊ ခန့်ထား မည့်ကာလ၊ ပညာအရည်အချင်းဖော်ပြရန်)၊
  •  Form-12(A) (နိုင်ငံခြားသားကျွမ်းကျင်သူများအတွက် အလုပ်လုပ်ခွင့် လျှောက်လွှာ) နိုင်ငံကူး လက်မှတ်မိတ္တူ၊
  •  အဆိုပြုချက်ပါ ပြည်တွင်း/ပြည်ပဝန်ထမ်းအင်အား စာရင်းမိတ္တူ၊
  •  လက်ရှိခန့်ထားပြီး ပြည်တွင်း/ပြည်ပဝန်ထမ်းအင်အား (ပြည်တွင်း ဝန်ထမ်းများ အား စီမံခန့်ခွဲမှုအဆင့်၊ ကျွမ်းကျင်အဆင့်၊ သာမန် အဆင့် စသည်ဖြင့် ရာထူးနှင့် အရေအတွက် ဖော်ပြရန် နှင့် ပြည်ပ ဝန်ထမ်း အမည်၊ Passport No.၊ ရာထူး၊ နိုင်ငံသားဖော်ပြ၍ ကော်မရှင်မှခန့်ထားခွင့်ပြုခဲ့သည့် အထောက်အထားများပူးတွဲတင်ပြရန်)၊
  • နောက်ဆုံးတင်ပြခဲ့သည့် သုံးလပတ်အစီရင်ခံစာမိတ္တူ (ပုံစံ-၁၀)၊ 
  •  ခန့်ထားခွင့်တင်ပြသည့် နိုင်ငံခြားသားဝန်ထမ်း၏ ကျွမ်းကျင်မှု အထောက် အထား (ဒီပလိုမာ) သို့ ဘွဲ့လက်မှတ်၊ ကိုယ်ရေးအကျဉ်း၊
  • ကိုယ်စားလှယ်လွှဲစာ(အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)၊
  • ခန့်ထားခွင့်တင်ပြရာတွင် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အလုပ် လုပ်ရက် (၇)ရက်အတွင်း ကော်မရှင်သို့ အလုပ်ခန့်ထားခွင့်တင်ပြရန် ဖြစ်ပါသည်။
  • ခန့်ထားခွင့်တင်ပြရာတွင် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အလုပ် လုပ်ရက် (၇)ရက်အတွင်း ကော်မရှင်သို့ အလုပ်ခန့်ထားခွင့်တင်ပြရန် ဖြစ်ပါသည်။
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)
စီးပွားရေးလုပ်ငန်း ဖျက်သိမ်းခြင်း (ဥပဒေပုဒ်မ-၆၈၊ နည်းဥပဒေ-၂၃၂)

  ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးလုပ်ငန်း ဖျက်သိမ်းလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •  လျှောက်ထားသည့်စာ (ဖျက်သိမ်းရသည့် အကြောင်းအရင်း)
  •  ဒါရိုက်တာ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
  •  ထည့်ဝင်ပြီးမတည်ငွေရင်း
  •  အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
  •  ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  •   နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့  တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)

 

MIC ခွင့်ပြုချက် မိတ္တူအမှန် လျှောက်ထားခြင်း

    ရင်းနှီးမြှုပ်နှံသူများက MIC ခွင့်ပြုမိန့် မိတ္တူမှန်လျှောက်ထားလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်။

  •     လျှောက်ထားသည့်စာ (အကြောင်းအရင်း)
  •     ဒါရိုက်တာ ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်
  •     သတင်းစာတွင် ထည့်သွင်းဖော်ပြထားသည့် ကြော်ငြာ
  •     သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ
  •    ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  •     နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)

ခွင့်ပြုလျှင် ပေးသွင်းရမည့် ဝန်ဆောင်ခပမာဏ။ မြန်မာကျပ်ငွေ ၇၅၀,၀၀၀

အဆိုပြုချက်ပါ စက်ပစ္စည်း/ စက်ကိရိယာ အစိတ်အပိုင်းများ/ လုပ်ငန်းသုံးပစ္စည်းများ အခွန်အကောက်ကင်းလွတ်ခွင့်အတွက် ပုံစံ- တင်ပြခြင်း ဥပဒေပုဒ်မ ၇၄၊ ၇၇(က)

အဆိုပြုချက်ပါ စက်ပစ္စည်း/စက်ကိရိယာအစိတ်အပိုင်းများ/ လုပ်ငန်းသုံးပစ္စည်းများ အား အခွန်အကောက်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလိုပါက မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌထံ လိပ်မှု၍အောက်ပါအချက်အလက်များဖြင့် တင်ပြလျှောက်ထား ရမည်ဖြစ်ပါသည်-

  • တင်ပြစာ
  • ပုံစံ (၆) (မတည်ငွေရင်းအလိုက် ဝန်ဆောင်ခပေးသွင်းရန်)
  • ပြည်ပမှ တင်သွင်းမည့် တင်သွင်းမည့်ပစ္စည်းစာရင်း
  • ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် မလာရောက်နိုင်ပါက)
  • နောက်ဆုံး ၃ လပတ်အစီရင်ခံစာ(မတင်ပြရသေးပါက)

Pages

ခွင့်ပြုမိန့် ပြင်ဆင်ချက်
ခွင့်ပြုမိန့်ပြင်ဆင်ချက်။ ရင်းနှီးမြှုပ်နှံသူအမည်နှင့်လိပ်စာပြောင်းလဲခြင်း

  ကုမ္ပဏီအမည်ပြောင်းလဲခြင်း ပြောင်းလဲခြင်းအတွက် လိုအပ်သည့် စာရွက်စာတမ်းများ

  •   ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်) (MyCO တွင် ပြောင်းလဲထားပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်တင်ပြရန်)
  • ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
  • ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)
  • နောက်ဆုံးတင်ပြထားသည့် သုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ    (တင်ပြထားခြင်းမရှိသေးပါက)

 

ခွင့်ပြုမိန့်ပြင်ဆင်ချက်။ လိပ်စာပြောင်းခြင်း နည်းဥပဒေ-၁၃၇,၁၇၇

   ရရင်းနှီးမြှုပ်နှံသူများက ကုမ္ပဏီ၏ လိပ်စာပြောင်းလဲလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •   လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  •  ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  • မြေပုံ (မူလနှင့် ပြောင်းရွှေ့တည်နေရာအတွက် ဆက်စပ်မှုရှိပါက)
  • မူလမြေငှားစာချုပ် (လက်မှတ်ရေးထိုးပြီး မြေငှားသက်တမ်းရှိပါက ရပ်ဆိုင်းစာချုပ် တင်ပြရန်)
  • ပြောင်းရွှေ့မည့်နေရာအတွက် မြေငှားစာချုပ် (မူကြမ်း)
  • ပြောင်းရွှေ့မည့်နေရာအတွက် မြေဂရန်
  • ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ခွင့်ပြုမိန့်ပြင်ဆင်ချက်။ ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံသည့်ကာလ ပြောင်းလဲခြင်း ဥပဒေပုဒ်မ-၇၀၊ နည်းဥပဒေ-၁၃၇၊၁၇၅၊၁၇၇

  ရင်းနှီးမြှုပ်နှံသူများက မြေငှားစာချုပ်၊ ရင်းနှီးမြှုပ်နှံမှု ကာလနှင့် MIC ခွင့်ပြုမိန့် ကာလများကို တိုးချဲ့လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါ တို့ကို ပူးတွဲတင်ပြရမည်-

  •      လျှောက်ထားသည့်စာ (အကြောင်းအရင်း)
  •      ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက် (သို့) သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံစာ
  •      ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်
  •       နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)

ခွင့်ပြုလျှင် ပေးသွင်းရမည့် ဝန်ဆောင်ခပမာဏ။ မြန်မာကျပ်ငွေ ၁၀၀,၀၀၀

ခွင့်ပြုမိန့် ပြင်ဆင်ချက်။ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားပြင်ဆင်ခြင်း နည်းဥပဒေ-၁၃၇၊၁၇၇၊၂၃၆၊၂၃၇

ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှု အမျိုးအစားကို (နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှ နိုင်ငံခြားသား ရင်းနီးမြှုပ်နှံမှု အဖြစ်သော်လည်းကောင်း၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုမှ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဖြစ် သော်လည်းကောင်း) ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါ တို့ကို ပူးတွဲတင်ပြရမည်-

  •  လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  •  ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  • အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
  • အစုရှယ်ယာလွှဲပြောင်းခြင်းဆိုင်ရာ လိုအပ်သည့် စာရွက်စာတမ်းများ (အစုရှယ်ယာ လွှဲပြောင်းခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားပြင်ဆင်ခြင်းဖြစ်ပါက)
  • ဖက်စပ်သဘောတူစာချုပ်ပြင်ဆင်ချက် (မူကြမ်း) (ရင်းနှီးမြှုပ်နှံမှုအမျိုးအစားကို ရာခိုင်နှုန်းပြည့်နိုင်ငံခြား/ မြန်မာနိုင်ငံသားမှ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုသို့ ပြောင်းလဲခြင်း ဖြစ်ပါက)
  • ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
ခွင့်ပြုမိန့်ပြင်ဆင်ချက်။ ကုမ္ပဏီ အမည်ပြောင်းလဲခြင်း နည်းဥပဒေ-၁၃၇၊၁၇၇

 

  ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးလုပ်ငန်း၏ အမည်ကို ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •   လျှောက်ထားသည့်စာ (အမည်ပြောင်းလဲရခြင်း အကြောင်းအရင်း)
  •   ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက်    
  • ကိုယ်စားလှယ်ခန့်အပ်မှု စာချုပ် (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  •  နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)

ခွင့်ပြုလျှင် ပေးသွင်းရမည့် ဝန်ဆောင်ခပမာဏ။ မြန်မာကျပ်ငွေ ၁၀၀,၀၀၀

 

ခွင့်ပြုမိန့်ပြင်ဆင်ချက်။ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအမျိုးအစားပြောင်းလဲခြင်း (နည်းဥပဒေ-၁၃၇၊၁၇၇)

ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအမျိုးအစားပြောင်းလဲခြင်းအတွက် လိုအပ်သည့် စာရွက်စာတမ်းများ 

  • ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်)
  •  ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
  • ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)
  • ပြည်ပမှတင်သွင်းမည့် စက်ပစ္စည်းစာရင်း
  •  ပြောင်းလဲမည့် ထုတ်ကုန်နှင့် တင်သွင်းမည့်ကုန်ကြမ်းစာရင်း
  •  စက်ပစ္စည်းတင်သွင်းမှုနှင့်လက်ကျန်စာရင်း
  •  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း ရှိ မရှိ
  •  မူလ နှင့် တိုးချဲမည့် သို့မဟုတ် ပြောင်းလဲမည့် လုပ်ငန်း၏ ISIC Code
  • နောက်ဆုံးတင်ပြထားသည့် သုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ    (တင်ပြထားခြင်းမရှိသေးပါက)

 

စာချုပ်များ ပြင်ဆင်ခြင်း (ဥပဒေပုဒ်မ-၇၀၊ နည်းဥပဒေ -၁၇၇)

The following documents are necessaries on application for the permission of amendment of Land and Building Lease Agreement, BOT Agreement, 100% Foreign Agreement, Joint Venture Agreement and need to attend to the Chairman of MIC:

  •   Cover letter (describe the specific reasons)
  •   Board of Directors’ Resolution (Original)
  •   Approval letter from relevant ministries (If applicable)
  •   Agreement (Original and Revised) (Draft is acceptable for revised agreement)
  •  Power of Attorney (if investor cannot come to office)
  • Copy of updated quarterly performance report – form 10 (for those who has not provided yet)
အဆိုပြုချက်ပါ နိုင်ငံခြားသား ကျွမ်းကျင်သူ အရေအတွက် တိုးမြှင့်ခြင်း

အဆိုပြုချက်ပါ ဝန်ထမ်းအရေအတွက် တိုးမြှင့်ခြင်း အတွက် လိုအပ်သည့်စာရွက်စာတမ်းများ

  • ကုမ္ပဏီတင်ပြစာ(အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်)
  • ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
  • ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)
  • အဆိုပြုချက်ပါနှင့်တိုးမြှင့်မည့် အရေအတွက် နှင့်ခန့်အပ်ပြီးအခြေအနေ နှိုင်းယှဉ်ဇယား(ပြည်တွင်း/ပြည်ပ)
  • လုပ်ငန်းတိုးချဲ့ထားခြင်းရှိ မရှိ
  • နောက်ဆုံးတင်ပြထားသည့် သုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ    (တင်ပြထားခြင်းမရှိသေးပါက)
ပင်မအဖွဲ့အစည်းအမည် နှင့် လိပ်စာပြောင်းလဲခြင်း

ကုမ္ပဏီအမည်ပြောင်းလဲခြင်း ပြောင်းလဲခြင်းအတွက် လိုအပ်သည့် စာရွက်စာတမ်းများ

  • ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်) (MyCO တွင် ပြောင်းလဲထားပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်တင်ပြရန်)
  • ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
  • ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)
  • နောက်ဆုံးတင်ပြထားသည့် သုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (တင်ပြထားခြင်းမရှိသေးပါက)
နိုင်ငံခြားမတည်ငွေရင်းယူဆောင်လာမည့်ကာလ ပြင်ဆင်ခြင်း နည်းဉပဒေ ၁၇၇

ရင်းနှီးမြှုပ်နှံသူများက နိုင်ငံခြားမတည်ငွေရင်း ယူဆောင်လာမည့်ကာလပြင်ဆင်လိုပါက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရ မည်-

  • လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  • ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  • နိုင်ငံခြားမတည်ငွေရင်းယူဆောင်လာမည့်ကာလမူလနှင့်ပြင်ဆင်ချက်ဇယား (အချိန်ကာလဖော်ပြရန်)
  • ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ - ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
အစီရင်ခံခြင်း
အစီရင်ခံတင်ပြခြင်း (နည်းဥပဒေ-၁၉၆၊ ၁၉၇၊ ၁၉၈၊ ၁၉၉)

အစီရင်ခံတင်ပြခြင်း

တင်ပြရန်လိုအပ်သည့် အစီရင်ခံစာများ

  •      သုံးလပတ် အစီရင်ခံစာ(ပုံစံ -၁၀) နည်းဥပဒေ ၁၉၇
  •     နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (ပုံစံ ၁၁) နည်းဥပဒေ ၁၉၆