တန်ဖိုး၊ ဖွံဖြိုးတိုးတက်မှုများနှင့် ဖွဲ့စည်းပုံ

တန်ဖိုး၊ ဖွံဖြိုးတိုးတက်မှုများနှင့် ဖွဲ့စည်းပုံ

တန်ဖိုး

Vision

Mission

REALIZE THE POTENTIAL

FACILITATE BUSINESS, PROMOTE INVESTMENT, SUSTAIN THE COUNTRY'S DEVELOPMENT

ရည်ရွယ်ချက်များ

  • ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင်လာစေရန်

  • ပုဂ္ဂလိက စွန့်ဦးတည်ထွင် စီးပွားရေးလုပ်ငန်းကို အားပေးရန်

  • ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ရန်

  • အဖွဲ့အစည်းတည်ထောင်ဆောင်ရွက်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံ မူဘောင်များအား ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် 

DICA ၏ ဆောင်ပုဒ်

D – dUtiful (တာဝန်ကျေပွန်ခြင်း)
I  – INdustrious (လုံ့လဝီရိယရှိခြင်း)
C – CApable (စွမ်းဆောင်ရည်ပြည့်ဝခြင်း)
A – ACcountable (တာဝန်ခံမှုရှိခြင်း)

WE ARE DICA

 

လတ်တလောတိုးတက်ပြောင်းလဲမှုများ

၂၀၁၃ ခုနှစ်: အခြားဝန်ကြီးဌာနများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု လွယ်ကူစေရန်အတွက် တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးသောဌာနကို ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးတွင် ဖွဲ့စည်းခဲ့ပါသည်။ 

၂ဝ၁၄ ခုနှစ်: ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန်အတွက် DICA ရုံးချုပ် အား နေပြည်တော်မှ မြန်မာနိုင်ငံ၏ စီပွားရေး အချက်အချာဖြစ်သော ရန်ကုန်မြို့သို့ ပြောင်းရွေ့ခဲ့ ပါသည်။တချိန်တည်းမှာပင်DICAရုံးခွဲများအား ပြည်နယ်နှင့်တိုင်းများတွင် ဖွင့်လှစ်ထားရှိရန် ဆောင်ရွက် ခဲ့ပြီး ပထမဆုံး ရုံးခွဲများအဖြစ် မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်ခဲ့ပါ သည်။

၂၀၁၅ ခုနှစ်: DICA သည် စီးပွားရေးဝန်းကျင်၏ကူညီပံ့ပိုးသူအနေဖြင့် ရပ်တည်ရာတွင် ပိုမိုပံ့ပိုးပေးနိုင်ရန်နှင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဝန်ထမ်းအင်အား တိုးချဲ့ခန့် ထားခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်မှုအားပိုမိုလွယ်ကူစေရေးအတွက် ကုမ္ပဏီ မှတ်ပုံတင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတင်ပြ လျှောက်ထားရမည့် အဆင့်များအား လွယ်ကူအောင်ဆောင်ရွက် ပေးခဲ့ပြီး တင်ပြရမည့် စာရွက်စာတမ်းများအားလည်းဖြေလျော့ပေးခဲ့ပါသည်။ ထို့ကြောင့် "Starting a Business" of Doing Business Report တွင် အဆင့် ၂၉ ဆင့် အထိ တိုးတက်လာခဲ့ပြီး ကမ္ဘာဘဏ်မှ ထုတ်ပြန်သော Doing Business ၂၀၁၆ တွင် တိုးတက်မှုအမြင့်မားဆုံးသောနိုင်ငံအဖြစ် မှတ်တမ်းတင်နိုင် ခဲ့ပါသည်။ ထို့အပြင်  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အတွက် ပထမဦးဆုံး မြန်မာရင်းနှီးမြှုပ်နှံမှုပြပွဲအား မန္တလေးမြို့တွင် ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။

၂ဝ၁၆ ခုနှစ်: ပိုမိုပြည်စုံသော သတင်းအချက်အလက်များနှင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန်အတွက် DICA ၏ ဝတ်ဘ်ဆိုက် အသစ်အား စတင်အသုံးပြုခဲ့ပါသည်။ DICA ၏ ရုံးခွဲ အသစ်များအား ပုသိမ်၊ မုံရွာ ၊ထားဝယ် နှင့် ဘားအံတို့တွင် ဖွင့်လှစ်ခဲ့ပါသည်။

DICA အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ပိုမိုတိုးတက်လာစေရန် နှင့် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံသူများမှ ရင်းနှီးမြှုပ်နှံမှု အရည်အသွေး၊ အရေအတွက် ပိုမိုတိုးတက်လာစေရန်အတွက် ရင်းနှီး မြှုပ်နှံမှု ဥပဒေအား ပြင်ဆင်ပြဌာန်းခဲ့ပါသည်။ 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကို မြှင့်တင်ရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ပြုပြင်ပြောင်းလဲရာတွင် ထင်ရှားသည့် ပြုပြင်ပြောင်းလဲမှု၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းပဒေများ ဖွံ့ဖြိုးမှုနှင့် စီးပွားရေး ဆိုင်ရာ ဆောင်ရွက်ချက်တို့ကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်: မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများကို မတ်လတွင် ပြည်ထောင်စုအစိုးရအဖွဲ့ က အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အတူ ဧပြီလမှ စတင်ကျင့်သုံးခဲ့ပါ သည်။ ရုံးခွဲ ဖွင့်လှစ်ရန် ကျန်ရှိနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ခဲ့ပါသည်။

ထို့အပြင် ကုမ္ပဏီများကို စစ်တမ်းကောက်ယူခဲ့ပြီး Cost of Doing Business in Myanmar 2017 Report ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်များတွင် မြန်မာနိုင်ငံရှိ လျှပ်စစ်မီး စရိတ်၊ သွင်းကုန်/ထုတ်ကုန် ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ တည်ထောင်ခြင်း၊ ဝန်ထမ်းရေးရာ၊ ရုံးခန်းနေရာ တို့နှင့် စပ်လျဉ်းသည့် အသေးစိတ် လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် စည်မျဉ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၏ အစီအစဉ်တစ်ခုဖြစ်သော နှစ်ပေါင်းတစ်ရာသက်တမ်းရှိသော ၁၉၁၄ မြန်မာကုမ္ပဏီများ အက်ဥပဒေကို ခေတ်မီစေရန်အတွက်  ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ /၂၀၁၇ ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။

၂၀၁၈ ခုနှစ်: မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် စတင် အာဏာတည်ကြောင်း သတ်မှတ်ခဲ့ပြီး အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online (MyCO)ကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ အသုံးပြုခဲ့ပါသည်။ FDI Actual Inflow နှင့် စပ်လျဉ်းသည့် စာရင်း အချက်အလက်များကိုလည်း အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ပေးနိုင်ခဲ့ပါသည်။

ထို့အပြင် ကုမ္ပဏီများကို စစ်တမ်းကောက်ယူခဲ့ပြီး Cost of Doing Business in Myanmar 2018 Report ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာအုပ်များတွင် မြန်မာနိုင်ငံရှိ လျှပ်စစ်မီး စရိတ်၊ သွင်းကုန်/ထုတ်ကုန် ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ တည်ထောင်ခြင်း၊ ဝန်ထမ်းရေးရာ၊ ရုံးခန်းနေရာ တို့နှင့် စပ်လျဉ်းသည့် အသေးစိတ် လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုထိရောက်စွာ ဆွဲဆောင်နိုင်စေရန်အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာအမှတ် ၈၇/၂၀၁၈ အရ   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကို ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနကြီးကြပ်မှုအောက်မှ  ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက် သို့  ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၂၀၁၉ ခုနှစ်: မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ Myanmar Companies Online (MyCO) စနစ်စတင်အသုံးပြုနိုင်ခဲ့ခြင်းကြောင့်ကမ္ဘာ့ဘဏ်၏ Ease of Doing Buisnessအစီရင်ခံစာ၌တိုးတက်မှုအရှိဆုံးနိုင်ငံ၂၀တွင်မြန်မာနိုင်ငံပါဝင်ခဲ့ပါသည်။ Starting Business အဆင့်၌၁၅၅မှ၇၀သို့သိသိသာသာတိုးတက်ခဲ့ပါသည်။ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးမြှင့်ဝင်ရောက်လာစေရေးကရင်၊ကယား၊ရခိုင်၊ရှမ်း၊ဧရာဝတီ၊မန္တလေးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်ရင်းနှီးမြှုပ်နှံမှုဖိုရမ်များကိုလည်းအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

၂၀၂၀ ခုနှစ်: ကိုဗစ် - ၁၉ကြောင့်အခက်အခဲများ များစွာကြုံတွေ့ခဲ့ရသော်လည်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလျာထားချက်ပြည့်မီလုနီးပါးဝင်ရောက်ခဲ့ပါသည်။ဒုတိယအကြိမ်ရင်းနှီးမြှုပ်နှံမှုမူဝါဒပြန်လည်ဆန်းစစ်ခြင်းကိုဆောင်ရွက်နိုင်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လူမွဲခံယူခြင်းဆိုင်ရာမှတ်ပုံတင်အရာရှိအဖြစ်လက်ခံဆောင်ရွက်မည်ဖြစ်ကာလက်ရှိကုမ္ပဏီမှတ်ပုံတင်စာရင်းနှင့်လည်းချိတ်ဆက်နိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ဌာန၏ဝက်ဘ်ဆိုက်ကိုလည်းအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီးရင်းနှီးမြှုပ်နှံသူများစာရင်းကိုအလွယ်တကူရှာဖွေနိုင်သော Myanmar Investment Directory (MyInDy)၊မြန်မာနိုင်ငံသို့ကုမ္ပဏီရေးရာကိစ္စများဖြင့်ဝင်ရောက်လာကြမည့်နိုင်ငံခြားသားများအတွက်အွန်လိုင်းမှတစ်ဆင့်ထောက်ခံချက်ထုတ်ပေးသည့်စနစ် Online Recommendation Letter for Visa Extension တို့ကိုလည်းထပ်တိုးဆောင်ရွက်နိုင်ခဲ့ပါသည်။ 

 

ဖွဲ့စည်းပုံ

DICA ရှိ ဝန်ထမ်းများ၏ ပညာအရည်အချင်း

စဉ်
ဘွဲ့အမျိုးအစား
အရာထမ်း
အမှုထမ်း
စုစုပေါင်း

 

 

ကျား

ကျား

 

 ၁

ပါရဂူဘွဲ့ - -

မဟာဘွဲ့ ၁၆ ၇၁ ၁၀ ၉၉

ပထမဘွဲ့ ၅၂ ၉၃ ၃၇ ၁၁၈ ၃၀၀

တက္ကသိုလ်တက်ရောက်ဆဲ - - ၁၁ ၁၉

အခြေခံပညာ

၁၅ ၂၆
 

စုစုပေါင်း

၇၄ ၁၆၈ ၆၂ ၁၄၈ ၄၅၂

 

Show Sidebar Menu: 

1
တာ၀န်နှင့် ၀တ္တရားများ
ကုမ္ပဏီရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ

ကုမ္ပဏီရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(၁)     မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ အစုအားဖြင့် တာ၀န်ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအစုအားဖြင့်တာ၀န်ကန့်သတ်ထားသည့်အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ၊ ခံ၀န်ချက်အားဖြင့် တာ၀န် ကန့်သတ်ထားသည့်ကုမ္ပဏီ၊ တာ၀န် ကန့်သတ်မထားသည့် ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များ၊ ၁၉၅၀ ခုနှစ် အထူး ကုမ္ပဏီအက်ဥပဒေအရ အစု အားဖြင့်တာ၀န်ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင် သည့်ကုမ္ပဏီ၊ ၁၉၅၀ ခုနှစ် အထူး ကုမ္ပဏီအက်ဥပဒေအရ အစုအားဖြင့် တာ၀န်ကန့်သတ် ထားသည့်အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ၊ ပြည်ပကော်ပိုရေးရှင်များအား အီလက် ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင် ဖွဲ့စည်းမှတ်ပုံတင်ပေးခြင်း

(၂)      ကုမ္ပဏီများမှ တင်ပြလာသော ကုမ္ပဏီအမည်ပြောင်းလဲခြင်း၊ ရုံးခန်း လိပ်စာပြောင်းခြင်း၊ အစုရှယ်ယာ ပြောင်းခြင်း၊ ဒါရိုက်တာ ပြောင်းလဲခြင်း၊ အစုရှယ်ယာရှင်ပြောင်းလဲခြင်း စသည့်ကိစ္စရပ်များအား အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင် ဆောင်ရွက်ပေး ခြင်း

(၃)     ကုမ္ပဏီများ၊ ပြည်ပကော်ပိုရေးရှင်များ၊ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များ ဖျက်သိမ်းခြင်း ကိစ္စရပ်များအား အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင် ဆောင်ရွက်ပေးခြင်း

(၄)     ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီများ တွင် စာရင်းစစ်ခန့်အပ်ရန် ဆောင်ရွက်ပေးခြင်း

 (၅)     နေ့စဉ်ဝင်ရောက်လာသော ဝင်စာများ၏ လုပ်ငန်းများဆောင်ရွက်ပေးခြင်း

(၆)     ကုမ္ပဏီများ၊ ပြည်ပကော်ပိုရေးရှင်းများတွင်ခန့်ထားသော နိုင်ငံခြားသားပညာရှင်များ၊ တာ ဝန် ထမ်းဆောင်နေသော နိုင်ငံခြားသား ဒါရိုက်တာများနှင့် အစုရှယ်ယာရှင်များ နေထိုင် ခွင့်ဗီဇာအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ထောက်ခံပေး ခြင်း

စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၏ လုပ်ငန်းတာဝန်များ
  • မူဝါဒချမှတ်ရန်နှင့် စီမံကိန်းဥပဒေများ ရေးဆွဲနိုင်ရေးကို အထောက်အပံ့ပြုနိုင်ရေးအတွက် ကုမ္ပဏီမှတ်ပုံတင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းအင်းအချက်အလက်များ စုဆောင်းရန်။
  • ပွင့်လင်းမြင်သာမှုကိုရှေးရှု၍ အထက်ဌာနများနှင့် ပြည်တွင်းသက်ဆိုင်သည့်အစိုးရ အဖွဲ့အစည်းများသို့ ဖြန့်ဝေမည့် ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာပုံစံမျိုးစုံ ပြုစုဆောင်ရွက်ရန်။
  • တိကျမှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များ ရရှိနိုင်ရေးနှင့်ပတ်သက်၍ အတွေ့ အကြုံရရန်နှင့် နည်းပညာအကူအညီရရှိရန်အတွက် နိုင်ငံတော်ဗဟိုဘဏ်၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့နှင့် အခြားအပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ နိုင်ငံတော်အဆင့်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက် နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။
  • ရင်းနှီးမြှုပ်နှံမှု ကွန်ယက်တည်ဆောက်ရန်နှင့် ချဲ့ထွင်နိုင်ရေး အားပေးရန်။
  • တိကျမှန်ကန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် စီမံခန့်ခွဲရန်။
  • ရင်းနှီးမြှုပ်နှံမှုကွန်ရက်အခြေခံအဆောက်အအုံတည်ဆောက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကို အထောက်အပံ့ပြုရန်
  • သတင်းအချက်အလက်နှင့် ကွန်ပြူတာလုံခြုံရေးများအတွက် ထိန်းသိမ်းဆောင်ရွက် ပေးရန်
  • ကွန်ပျူတာသုံးစွဲမှုမြှင့်တင်နိုင်ရေးနှင့်ပတ်သက်သည့် အစီအမံအသစ်များအတွက် ပြင်ဆင် ဆောင်ရွက်ပေးရန်
  • ဦးစီးဌာနကိုယ်စား သတင်းအချက်အလက်နည်းပညာကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန် ယူရန်နှင့် တာဝန်ခံဆောင်ရွက်သွားရန်
  • အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ အီလက်ထရောနစ်အစိုးရစနစ်တည်ဆောက်ရေး စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်
  • တိကျမှန်ကန်သည့် သတင်းအချက်အလက်အပေါ်အခြေခံ၍ ရင်းနှီးမြှုပ်နှံမှုစီးဝင်စီးထွက်မှု အခြေအနေနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်သွားရန်နှင့် သုတေသနပြုဆောင်ရွက်သွားရန်
စီမံရေးနှင့် ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းတာဝန်များ
  • ဝန်ထမ်းများ၏ ရာထူး၊ စွမ်းဆောင်ရည်၊ ပြင်ဆင်ချက်များနှင့် အဖွဲ့အစည်း၏ အတည်ပြု သဘောတူညီချက်များကို စီမံခန့်ခွဲခြင်းနှင့် ဆောင်ရွက်ခြင်း။
  • ဝန်ထမ်းများနှင့်စပ်လျဉ်း၍ ရာထူးခန့်အပ်ခြင်း၊ နှစ်တိုးလစာများ ခံစားခွင့်ပြုခြင်း၊ ရာထူးတိုးမြှင့် ပေးခြင်း၊ နေရာပြောင်းရွှေ့တာဝန်ချထားခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အဆင့်လျှော့ချခြင်း၊ အပြစ်ပေးအရေးယူခြင်း၊ ရာထူးမှထုတ်ပစ်ခြင်း၊ အငြိမ်းစား ပေးခြင်းနှင့် ဝန်ထမ်းဆိုင်ရာ ကိစ္စရပ်များကို စီမံဆောင်ရွက်ခြင်း။
  • ဝန်ထမ်းများ၏ ခွင့်အမျိုးမျိုး ခံစားခွင့်ပြုခြင်း၊ အငြိမ်းစားပေးခြင်း၊ အမှုထမ်းသက် ဆက်စပ်ခြင်း၊ လျော်ကြေးပေးခြင်းနှင့် နောက်ဆုံးထုတ်လစာ ထောက်ခံချက် (LPC) များ ထုတ်ပေးခြင်းကို ဆောင်ရွက်ခြင်း။
  • ဝန်ထမ်းများ၏ အောက်ဖော်ပြပါ အချက်များအား မွမ်းမံခြင်းထိန်းသိမ်းထားခြင်းနှင့် အစီရင်ခံခြင်း-
    •  အမှုထမ်းစာအုပ်
    •  ကိုယ်ရေးဖိုင်
    •  ရုံးတက်/ရုံးဆင်းမှတ်တမ်း
    •  ခွင့်မှတ်ပုံတင်ခြင်း
    • လုပ်ငန်းနှင့်သက်ဆိုင်သည့် အတွင်းရေးစာများနှင့် အစိုးရပြန်တမ်းစာများ
    • ဝန်ထမ်းများ၏ အငြိမ်းစားယူခြင်း ရက်စွဲမှတ်တမ်းများ
    • ဆုချီးမြှင့်ခြင်း
  • ဌာန၊ ဌာနခွဲများ၏ အသုံးပြုရန်လိုအပ်သော ပုံသေပိုင်ပစ္စည်းများ စီစဉ်ဆောင်ရွက်ခြင်း။
  • ဝင်စာ၊ ထွက်စာများကို လက်ခံခြင်း၊မှတ်ပုံတင်ခြင်း၊ အဆင့်ဆင့်တင်ပြခြင်း။
  • ရုံးဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်း။
  • ရုံးသုံးလိုအပ်သော အသုံးအဆောင် အမျိုးမျိုးတို့အား ဝယ်ယူခြင်း စနစ်တကျ အသုံး ပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း မှတ်တမ်းများထားရှိခြင်း။
  • ဌာနအတွက် အသုံးပြုရန် မော်တော်ယာဉ်များကို ဝယ်ယူခြင်း၊ စနစ်တကျသုံးစွဲစေခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမှတ်တမ်းများထားရှိခြင်းနှင့် ယာဉ်မောင်းများ ခန့်ထားတာဝန်ပေးအပ်ခြင်း။
  •  ရုံးသုံးပရိဘောဂများနှင့် ရုံးသုံးကိရိယာများကို ဝယ်ယူခြင်း စနစ်တကျသုံးစွဲစေခြင်း၊ ပြုပြင်ခြင်း ထိန်းသိမ်းခြင်းမှတ်တမ်းများ စာရင်းပြုစုထားခြင်း။
  • မော်တော်ယာဉ်များအား ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြင်ဆင်စရိတ်တင်ပြခြင်း၊ ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်းဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းကိစ္စများကို စီမံခန့်ခွဲခြင်း။
  • မိလ္လာ၊ ရေးဆိုးစနစ်နှင့် သန့်ရှင်းရေးအလုပ်သမားများကို ခန့်ထားတာဝန်ပေးအပ်ခြင်းနှင့် စီမံခြင်း။
  • ရုံးအဆောက်အဦနှင့် ပစ္စည်းများ၊ စာရွက်စာတမ်းများ၊ ဖိုင်များလုံခြုံရေးအတွက် လုံခြုံရေး အလုပ်သမားများအား အသစ်ခန့်အပ်ခြင်း။
  • ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက် ရသုံးမှန်းခြေ ငွေစာရင်းများပြုစုခြင်း၊ရေးဆွဲခြင်း ညှိနှိုင်းဆောင်ရွက်ခြင်း။
  • ကုမ္ပဏီများက ပေးသွင်းသည့် မှတ်ပုံတင်ကြေးနှင့် အခြားရငွေများကို ရရှိရေးနှင့် စာရင်းတင်သွင်းရေးကိစ္စများကို ဆောင်ရွက်ခြင်း။
  • ဌာန၏ အပတ်စဉ် ဘဏ္ဍာရေးအစီရင်ခံစာများ၊ လစဉ်ဘဏ္ဍာရေးအစီရင်ခံစာများ စုစည်းခြင်း၊ စိစစ်ခြင်းနှင့် ညှိနှိုင်းရေးဆွဲတင်ပြခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း။
  • ဌာနများမှ တောင်းခံလာသော အသုံးစရိတ်များကို တည်ဆဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြိုတင်စစ်ဆေးခြင်းများ စီမံဆောင်ရွက်ခြင်း။
  • ဝန်ထမ်းလစာများ ခရီးစရိတ်နှင့် အချိန်ပိုဆင်းဝန်ထမ်းများအတွက် စိစစ်ပြီးပါက ဘဏ်မှငွေထုတ်ရန် ပေးချေခြင်းကိုဆောင်ရွက်ခြင်း။
  • ဌာနခွဲများ၏ မှတ်တမ်းများကို ထိန်းသိမ်းထားခြင်း၊ စုဆောင်းထားသည့် အချက်အလက်များနှင့် သတင်းအချက်အလက်များကို လိုအပ်သည့်အခါ စနစ်တကျ ထုတ်ယူအသုံးပြုရေးအတွက် စီစဉ် ဆောင်ရွက်ခြင်း။
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးခွဲများ၏လုပ်ငန်းတာဝန်များ(ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)
  • ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စား၍ လာရောက်မေးမြန်း စုံစမ်းကြ သည့် နိုင်ငံခြားသားနှင့် နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များအား လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံ ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၏ ပို့ကုန်/ သွင်းကုန် လိုင်စင်များ စိစစ် ထုတ်ပေးခြင်း(ရန်ကုန်တိုင်းဒေသကြီး)။
  • အခွန်ဆိုင်ရာကိစ္စရပ်များကို စိစစ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် စည်းကြပ်မှုဆိုင်ရာ ကိစ္စများ ဆောင်ရွက်ပေးခြင်း။
  • အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် ရုံးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
  • လျှပ်စစ်ဓာတ်အားရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း။
  • နိုင်ငံခြားသားကျွမ်းကျင်သူများ၊ အတတ်ပညာရှင်များ ခန့်ထားခွင့်ရရှိရေး ဆောင်ရွက် ပေးခြင်း။
  • ပြည်ဝင်ခွင့် ဗီဇာရရှိရေး၊ ပြည်တွင်းနေထိုင်ခွင် ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဗီဇာသက်တမ်း တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ အားစိစစ်ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်၍ ဌာနအလိုက်ထုတ်ပေးရမည့် လိုင်စင်များ၊ ခွင့်ပြုမိန်များ စိစစ်ထုတ်ပေးခြင်း။
  • အလုပ်သမားမှတ်ပုံတင်ခွင့် ဆောင်ရွက်ခြင်း။
  • စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များညှိနှိုင်းဆောင်ရွက်ပေးခြင်း။
မူဝါဒနှင့်ဥပဒေဌာနခွဲ၏လုပ်ငန်းတာဝန်များ
  • နိုင်ငံ၏ စီးပွားရေးဝန်းကျင် ပိုမိုကောင်းမွန်စေရန် နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် မူဝါဒများ၊ နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်းနှင့် အကြံဉာဏ်များပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာများနှင့် ညွှန်ကြားချက်များ၊ စံသတ်မှတ်ချက်များ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ တွေ့ဆုံညှိနှိုင်းမှုများကို ပြည်တွင်းပြည်ပတွင် ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဥပဒေအကောင်အထည်ဖော်ခြင်းနှင့် အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပေးပါရန် ပြည်တွင်း/ပြည်ပမှ ဖိတ်ကြားလာပါက သွားရောက်ဆွေးနွေးပို့ချခြင်း။
  • အာဆီယံဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များနှင့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ပါ ရင်းနှီးမြှုပ်နှံမှုအခန်းနှင့်စပ်လျဉ်းသောညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးခြင်း။
  • အာဆီယံဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များနှင့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ပါ ရင်းနှီးမြှုပ်နှံမှုအခန်း၏ အကောင်အထည်ဖော်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း။
  • နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ချုပ်ဆိုရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း။
  • နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ ချုပ်ဆိုရေးအတွက် ဆောင်ရွက်ခြင်း။
  • သက်ဆိုင်ရာအစိုးရဌာနများက ချုပ်ဆိုမည့် နှစ်နိုင်ငံသဘောတူစာချုပ်(မူကြမ်း)များ၊ နားလည်မှုစာချွန်လွှာများကို တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့် ညီညွှတ်ခြင်း ရှိ မရှိစိစစ်၍ သဘောထားပြန်ကြားခြင်း။
  • ဒေသဆိုင်ရာနှင့် နိုင်ငံတကာဆိုင်ရာအဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ ဆောင်ရွက်ခြင်း။ (ASEAN၊ GMS၊ ACMECS၊ BIMSTEC၊ OECD၊ UNCTAD၊ WTO၊ United Nations ၊ ESCAP စသည်ဖြင့်။)
  • နိုင်ငံတကာအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာများ ရေးထိုးသည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုဖြေရှင်းရေးနှင့် အကူအညီပေးရေးကိစ္စရပ်များဆောင်ရွက်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း။
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး မှတ်တမ်းများအား အချိန်နှင့် တပြေးညီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခြင်း။
  • ပြည်ထောင်စုဝန်ကြီးရုံးနှင့် အခြားဝန်ကြီးဌာနအသီးသီးမှ သဘောထားမှတ်ချက်များ တောင်းခံလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် အမိန့်ကြော်ငြာစာများနှင့် ကိုက်ညီမှုရှိမရှိ စိစစ်၍ သဘောထားမှတ်ချက်ပြန်ကြားပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေသုံးသပ်ချက်များနှင့် အကြံပြုချက်များပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် သုတေသနပြု လေ့လာချက်များကို ဆောင်ရွက်ခြင်း။
  • အပတ်စဉ်၊ လစဉ်၊ ၆လပတ်နှင့် နှစ်စဉ်အစီရင်ခံစာများနှင့် ဆောင်ရွက်မည့်လုပ်ငန်း စဉ်များအား ဆောင်ရွက်ခြင်း။
  • အခါအားလျော်စွာ အထက်အကြီးအကဲမှပေးအပ်သည့်တာဝန်များအား ဆောင်ရွက်ခြင်း။
ရင်းနှီးမြှုပ်နှံမှုဌာနခွဲ-၁ ၏ လုပ်ငန်းတာဝန်များ
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ တင်ပြလာသည့် စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ နှင့် စားသောက်ကုန်လုပ်ငန်းကဏ္ဍများအတွက် အဆိုပြုလွှာ တင်ပြလာမှုများအား ခွင့်ပြုမိန့် ရရှိရန်အတွက် ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ဝင်စားသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတင်ပြရာတွင် ပါဝင်ရမည့်အချက်အလက်များအား လုပ်ငန်း အမျိုးအစားအလိုက် Check List ပြုစု၍ စာရွက်စာတမ်းများ၊ ငွေကြေးတန်ဖိုး ကိန်းဂဏန်းဖော်ပြချက်များ၊ စက်ပစ္စည်းအရေအတွက်များ၊ တွက်ချက်မှုများ ပြည့်စုံ မှန်ကန်ခြင်း ရှိမရှိ စိစစ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အချက်အလက်ပြည်စုံ မှန်ကန်ပါက မှတ်ပုံတင်လက်ခံထားရှိပြီး အဆိုပြုချက်စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြခြင်းနှင့် တချိန်တည်းမှာပင် သက်ဆိုင်ရာ ဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခြင်း။
  • အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆုံးဖြတ်သည့် မူပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စီးပွားရေး ဆိုင်ရာ တွက်ချက်မှု လိုအပ်ချက်များအား ကုမ္ပဏီ/ဌာနသို့ လိုအပ်ချက် အကြောင်းကြားစာ ထုတ်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်အား သေချာစွာ စိစစ်ပြီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူခြင်း။
  •  ကော်မရှင်အစည်းအဝေးမှ ခွင့်ပြုပါက ခွင့်ပြုမိန့်အား ရင်းနှီးမြှုပ်နှံသူသို့ ပေးအပ်ခြင်း။
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပွင့်လင်းမြင်သာမှု (Transparency) ရှိစေရေးအတွက် စာနယ်ဇင်းနှင့် မီဒီယာများမှ မေးမြန်းချက်များဖြေကြားခြင်း၊ ဌာန၏ website တွင် တင်ပြခြင်း။
  • ကော်မရှင်ခွင့်ပြုမိန့်ရပြီး လုပ်ငန်းများ၏ ကမကထပြုသူအမည်ပြောင်းလဲခြင်း၊ ရင်းနှီး မြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်း၊ ကုမ္ပဏီ လိပ်စာပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် အရပ်ဒေသ တိုးချဲ့ခြင်း/ပြင်ဆင်ခြင်း၊ အဆိုပြုလုပ်ငန်းအမည်ပြောင်းလဲခြင်းများအား ခွင့်ပြုမိန့်တွင် ပြင်ဆင်ပေးခြင်း။
  • အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် အညီ လုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခြင်း။
  • အထူးစီးပွားရေးဇုန်များ၏ လစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို နိုင်ငံတော်သမ္မတရုံးသို့ ပုံမှန် အစီရင်ခံစာတင်ပြခြင်း။
ရင်းနှီးမြှုပ်နှံမှုဌာနခွဲ-၂ ၏ လုပ်ငန်းတာဝန်များ
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ တင်ပြလာသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍ၊ အသေးစားစက်မှုလုပ်ငန်း ကဏ္ဍ၊ အကြီးစားစက်မှုလုပ်ငန်း ကဏ္ဍများအတွက် အဆိုပြုလွှာများအား ခွင့်ပြုမိန့်ရရှိရန် အတွက် ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ဝင်စားသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတင်ပြရာတွင် ပါဝင်ရမည့်အချက်အလက်များအား လုပ်ငန်း အမျိုးအစားအလိုက် Check List ပြုစု၍ စာရွက်စာတမ်းများ၊ ငွေကြေးတန်ဖိုး ကိန်းဂဏန်းဖော်ပြချက်များ၊ စက်ပစ္စည်းအရေအတွက်များ၊ တွက်ချက်မှုများ ပြည့်စုံ မှန်ကန်ခြင်း ရှိမရှိ စိစစ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အချက်အလက်ပြည်စုံ မှန်ကန်ပါက မှတ်ပုံတင်လက်ခံထားရှိပြီး အဆိုပြုချက်စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြခြင်းနှင့် တချိန်တည်းမှာပင် သက်ဆိုင်ရာ ဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခြင်း။
  • အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆုံးဖြတ်သည့် မူပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စီးပွားရေး ဆိုင်ရာ တွက်ချက်မှု လိုအပ်ချက်များအား ကုမ္ပဏီ/ဌာနသို့ လိုအပ်ချက် အကြောင်းကြားစာ ထုတ်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်အား သေချာစွာ စိစစ်ပြီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူခြင်း။
  • ကော်မရှင်အစည်းအဝေးမှ ခွင့်ပြုပါက ခွင့်ပြုမိန့်အား ရင်းနှီးမြှုပ်နှံသူသို့ ပေးအပ်ခြင်း။
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပွင့်လင်းမြင်သာမှု (Transparency) ရှိစေရေးအတွက် စာနယ်ဇင်းနှင့် မီဒီယာများမှ မေးမြန်းချက်များဖြေကြားခြင်း၊ ဌာန၏ website တွင် တင်ပြခြင်း။
  • ကော်မရှင်ခွင့်ပြုမိန့်ရပြီး လုပ်ငန်းများ၏ ကမကထပြုသူအမည်ပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်း၊ ကုမ္ပဏီ လိပ်စာပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် အရပ်ဒေသ တိုးချဲ့ခြင်း/ပြင်ဆင်ခြင်း၊ အဆိုပြုလုပ်ငန်းအမည်ပြောင်းလဲခြင်းများကို ခွင့်ပြုမိန့်တွင် ပြင်ဆင်ပေးခြင်း၊ ခွင့်ပြုမိန့်အပ်နှံခြင်းကိစ္စရပ်များဆောင်ရွက်ခြင်း။
ရင်းနှီးမြှုပ်နှံမှုဌာနခွဲ-၃ ၏ လုပ်ငန်းတာဝန်များ
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ  တင်ပြလာသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အအုံ လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ (ဆောက်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုဇုန်ကဏ္ဍ) အဆိုပြုလွှာများအား ခွင့်ပြုမိန့်ရရှိရန်အတွက် ဆောင်ရွက် ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ဝင်စားသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတင်ပြရာတွင် ပါဝင်ရမည့် အချက်အလက်များအား လုပ်ငန်း  အမျိုးအစား အလိုက် Check List ပြုစု၍ စာရွက်စာတမ်းများ၊ ငွေကြေးတန်ဖိုး ကိန်းဂဏန်းဖော်ပြချက်များ၊ စက်ပစ္စည်း အရေအတွက်များ၊ တွက်ချက်မှုများ ပြည့်စုံ မှန်ကန်ခြင်း ရှိမရှိ စိစစ်ခြင်း၊ သတ်မှတ်ချက် များနှင့် ကိုက်ညီပြီး အချက်အလက်ပြည်စုံ မှန်ကန်ပါက မှတ်ပုံတင်လက်ခံထားရှိပြီး အဆိုပြုချက် စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြခြင်းနှင့် တချိန်တည်းမှာပင် သက်ဆိုင်ရာ ဌာနများသို့ သဘောထား မှတ်ချက် တောင်းခံခြင်း။
  • အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆုံးဖြတ်သည့် မူပိုင်းဆိုင်ရာလိုအပ်ချက်များနှင့် စီးပွားရေးဆိုင်ရာ တွက်ချက် မှု လိုအပ်ချက်များအား ကုမ္ပဏီ/ဌာနသို့ လိုအပ်ချက် အကြောင်းကြားစာ ထုတ်ပေးခြင်း။
  • အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ အစည်းအဝေး မှတ်တမ်းများအားပြုစုခြင်း၊ ထုတ်ပြန်ခြင်း။
  • အပတ်စဉ် အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ မှတ်တမ်းများအား ကော်မရှင်အစည်းအဝေးသို့ တင်ပြခြင်း။
  • ကုမ္ပဏီမှ ပြန်လည်တင်ပြလာသည့် စီးပွားရေးဆိုင်ရာ တွက်ချက်မှုများအား အသေးစိတ် စစ်ဆေးခြင်း။
  • သက်ဆိုင်ရာဌာနများမှ ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ပါက ကုမ္ပဏီသို့ စာဖြင့်အကြောင်းကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်အား သေချာစွာ စိစစ်ပြီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူခြင်း။
  • ကော်မရှင်အစည်းအဝေးမှ ခွင့်ပြုပါက ခွင့်ပြုမိန့်အား ရင်းနှီးမြှုပ်နှံသူသို့ ပေးအပ်ခြင်း။
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပွင့်လင်းမြင်သာမှု (Transparency) ရှိစေရေးအတွက် စာနယ်ဇင်းနှင့် မီဒီယာများမှ မေးမြန်းချက်များ ဖြေကြားခြင်း၊ ဌာန၏ website တွင် တင်ပြခြင်း။
  • ကော်မရှင်ခွင့်ပြုမိန့်ရပြီး လုပ်ငန်းများ၏ ကမကထပြုသူအမည်ပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်း၊ ကုမ္ပဏီ လိပ်စာပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် အရပ်ဒေသ တိုးချဲ့ခြင်း/ ပြင်ဆင် ခြင်း၊ အဆိုပြုလုပ်ငန်းအမည်ပြောင်းလဲခြင်းများအား ခွင့်ပြုမိန့်တွင် ပြင်ဆင်ပေးခြင်း။
ရင်းနှီးမြှုပ်နှံမှုဌာနခွဲ-၄ ၏ လုပ်ငန်းတာဝန်များ
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ တင်ပြလာသည့်  သတ္တုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများ၏ အဆိုပြုလွှာများအား ခွင့်ပြုမိန့်ရရှိရန် အတွက် ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ဝင်စားသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတင်ပြရာတွင် ပါဝင်ရမည့်အချက်အလက်များအား လုပ်ငန်း အမျိုးအစားအလိုက် Check List ပြုစု၍ စာရွက်စာတမ်းများ၊ ငွေကြေးတန်ဖိုး ကိန်းဂဏန်းဖော်ပြချက်များ၊ စက်ပစ္စည်းအရေအတွက်များ၊ တွက်ချက်မှုများ ပြည့်စုံ မှန်ကန်ခြင်း ရှိမရှိ စိစစ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အချက်အလက်ပြည်စုံ မှန်ကန်ပါက မှတ်ပုံတင်လက်ခံထားရှိပြီး အဆိုပြုချက်စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြခြင်းနှင့် တချိန်တည်းမှာပင် သက်ဆိုင်ရာ ဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခြင်း။
  • အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆုံးဖြတ်သည့် မူပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စီးပွားရေး ဆိုင်ရာ တွက်ချက်မှု လိုအပ်ချက်များအား ကုမ္ပဏီ/ဌာနသို့ လိုအပ်ချက် အကြောင်းကြားစာ ထုတ်ပေးခြင်း။
  • အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ မှတ်တမ်းအား ကော်မရှင်အစည်းအဝေးသို့ အလှည့်ကျ တင်ပြခြင်း။
  • ကုမ္ပဏီမှ ပြန်လည်တင်ပြလာသည့် စီးပွားရေးဆိုင်ရာ တွက်ချက်မှုများအား အသေးစိတ် စစ်ဆေးခြင်း။
  • သက်ဆိုင်ရာဌာနများမှ ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ပါက ကုမ္ပဏီသို့ စာဖြင့်အကြောင်းကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်အား သေချာစွာ စိစစ်ပြီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူခြင်း။
  • ကော်မရှင်အစည်းအဝေးမှ ခွင့်ပြုပါက ခွင့်ပြုမိန့်အား ရင်းနှီးမြှုပ်နှံသူသို့ ပေးအပ်ခြင်း။
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပွင့်လင်းမြင်သာမှု (Transparency) ရှိစေရေးအတွက် စာနယ်ဇင်းနှင့် မီဒီယာများမှ မေးမြန်းချက်များဖြေကြားခြင်း၊ ဌာန၏ website တွင် တင်ပြခြင်း။
  • ကော်မရှင်ခွင့်ပြုမိန့်ရပြီး လုပ်ငန်းများ၏ ကမကထပြုသူအမည်ပြောင်းလဲခြင်း၊ ရင်းနှီး မြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်း၊ ကုမ္ပဏီ လိပ်စာပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် အရပ်ဒေသ တိုးချဲ့ခြင်း/ပြင်ဆင်ခြင်း၊ အဆိုပြုလုပ်ငန်းအမည်ပြောင်းလဲခြင်းများအား ခွင့်ပြုမိန့်တွင် ပြင်ဆင်ပေးခြင်း။
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ
  • ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း။ (ဌာနတွင်းရှိလူများအားလုံး)
  • ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တွင်ရေးဆိုင်ရာကိစ္စရပ် များအား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ Update သတင်းအချက်အလက်များ၊ အစီအစဉ်များအပြင် ဥပဒေ စည်းမျဉ်းစည်းကမ်းများကို Website တင်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လမ်းညွှန်စာအုပ်များ စီစဉ် ရိုက်နှိပ်ဖြန့်ဝေခြင်း။
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများအတွက် စီစဉ် ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက် ခရီးသွားလာခြင်း။
  • ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ
  • ကော်မရှင်မှ ခွင့်ပြုမိန့်ထုတ်ပေးပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ကုန်ကြမ်းများ တင်သွင်းခွင့်ရရှိရေး ဆောင်ရွက်ပေးခြင်း။
  • ကော်မရှင် အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ခံစားခွင့်ရှိသည့် အခွန်ကင်းလွတ်ခွင့် (Exemption) နှင့် သက်သာခွင့် (Relief)များ ထုတ်ပြန်ပေးခြင်း။
  • ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းများမှ နိုင်ငံခြားသားကျွမ်းကျင်သူများ၏ အလုပ်လုပ်ကိုင်ခွင့်အား စိစစ်ခွင့်ပြုပေးခြင်း။
  • ခွင့်ပြုမိန့်၊ အတည်ပြုမိန့်၊ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် မြေအသုံးပြုခွင့်ကို ပြောင်းလဲပြင်ဆင်ရန် တင်ပြလျှောက်ထားမှုကို စိစစ်ခွင့်ပြုပေးခြင်း။
  • ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရယူထားသော ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် အခြားခွင့်ပြုချက်ရယူရန်အတွက် တင်ပြချက်များအပေါ် စိစစ်ခွင့်ပြုပေးခြင်း။
  • ရင်းနှီးမြှုပ်နှံသူမှ လုပ်ငန်းအစီရင်ခံစာများ သတ်မှတ်ကာလအတွင်း မှန်မှန် ပေးပို့မှု ရှိ-မရှိ စိစစ်ခြင်း။
  • ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း ခွင့်ပြုချက်တွင် ဖော်ပြထားသော တာဝန်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ  ကွင်းဆင်းစစ်ဆေးခြင်း၍ လိုအပ်သလို စစ်ဆေးကြပ်မတ်ခြင်း။
  • ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာသည့် အထွေထွေကိစ္စရပ်များအပေါ် ကော်မရှင်အစည်းအဝေးသို့ တင်ပြ  ၍  ဆုံးဖြတ်ချက် ရယူခြင်း။
  • ကော်မရှင်အစည်းအဝေးကျင်းပနိုင်ရေး ဆောင်ရွက်ပေးခြင်း။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၏ လုပ်ငန်းတာဝန်များ
  • ဒေသတွင်းသာမကနိုင်ငံတကာနှင့်ရင်ဘောင်တန်းလုပ်ကိုင်ဆောင်ရွက်နိုင်သော စွမ်းဆောင် ရည် မြင့်မားသည့် အရည်အချင်းပြည့်ဝသောဝန်ထမ်းများ တိုးတက်များပြားလာစေရန်အတွက် (ပြည်တွင်း /ပြည်ပ) သင်တန်းများသို့စေလွှတ်ရေး ကိစ္စရပ်များဆောင်ရွက်ခြင်း။

  • ဌာနတွင်း လုပ်ငန်းများဆောင်ရွက်ရာ၌ ထိရောက် သွက်လက် မြန်ဆန်စွာဖြင့် ဆောင်ရွက် နိုင်ရန်နှင့် ပညာအရည်အချင်း မြင့်မားသော ဝန်ထမ်းများတိုးတက်များပြားလာစေရန်တို့အတွက် ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ရေးကိစ္စများဆောင်ရွက်ခြင်း။

  • မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ရာတွင် တစ်စိတ် တစ်ဒေသအဖြစ်အထောက်အကူပြုနိုင်ရန် မူဝါဒရေးရာ(ပြည်တွင်း/နိုင်ငံတကာ) သုတေသနလုပ်ငန်း များ နှင့်မျက်မှောက်ရေးရာ(ပြည်တွင်း/ပြည်ပ) သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

  • ကမ္ဘာ့စီးပွားရေး ၊အာဆီယံနှင့် မြန်မာ့စီးပွားရေး အပေါ်ရှုမြင်သုံးသပ်၍ ပိုမိုကောင်းမွန်သောမြန်မာ့စီးပွားရေး ဝန်းကျင်ကောင်းတစ်ရပ် ဖော်ဆောင်ပေးနိုင်ရန်စီးပွားရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်း လဲမှုများကို အခြေခံ၍မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့်မူဝါဒများ၊ ပြုပြင်ပြောင်းလဲရန်လိုအပ်သည်များ ကို သုံးသပ်ဖော်ထုတ်၍ တင်ပြခြင်း။