ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 20 June 2017

Board of Trade of Thailand မှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr Niyom Wairatpanij  ဦးဆောင်သည့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် လာရောက်၍  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်နှင့် တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။