Oceanic Communications (Asia) Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

Oceanic Communications (Asia) Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 12 July 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ငွေဖြည့်ကတ် ထုတ်လုပ် သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရွှေသံလွင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Oceanic Communications (Asia) Limited သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါသည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ထားမှုအခြေ အနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ပြီးစီးမှု အခြေအနေ၊ ပတ်၀န်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ စသည် များကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။