ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး နှင့်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရေးနှင့်စပ်လျဉ်း၍ ပထမအကြိမ်ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ နေ့လည် ၂:၀၀ နာရီတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊ ရန်ကုန်မြို့၌ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သဘောတူစာချုပ် အပေါ် စေ့စပ်ညှိနှိုင်းမှုများအား ၂၀၁၇ ခုနှစ် အတွင်း အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်စုစုပေါင်း (၁၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။



