Nestle Myanmar Limited နှင့် AA Interiors Myanmar Limited တို့သို့ကွင်းဆင်းစစ်ဆေးခြင်း

Nestle Myanmar Limited နှင့် AA Interiors Myanmar Limited တို့သို့ကွင်းဆင်းစစ်ဆေးခြင်း

Posted on 16 August 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော အစား အစာ နှင့် အဖျော်ယမကာ ထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် မြေကွက်အမှတ် (၉၅)၊ စက်မှုဇုန်(၁)၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊  ရန်ကုန်တိုင်း ဒေသကြီးရှိ Nestle Myanmar Limited နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော အိမ်တွင်းသုံး ခေတ်မီ သစ်သား ပရိဘောဂများနှင့် သစ်သား အခြေခံ အိမ်တွင်း အလှဆင် ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့်  ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ် (၂၀)၊ စက်မှုဇုန်(၁)၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီးရှိ AA Interiors Myanmar Limited သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ် သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက်ရေး လုပ်ငန်း တိုးတက်မှု အခြေအနေ၊ သုံးလပတ်အစီရင်ခံစာ၊ ထုတ်လုပ်မှု အခြေအနေ၊ စီးပွားဖြစ် စတင် ဆောင်ရွက်ပြီး အခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်၀န်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှု မှတ်ပုံတင်၊ လုပ်ငန်းခွင် လုံခြုံရေး အခြေအနေစသည်များကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ တွင်သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။