ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှ ၁၆ ရက် နေ့အထိ ကျင်းပပြုလုပ်သည့် အာဆီယံ ဒေသတွင်းနိုင်ငံများ၏နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလုပ်ရုံ ဆွေး နွေးပွဲနှင့် သြဂုတ်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် ( ၃၁ ) ကြိမ်မြောက် နိုင်ငံတ ကာရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်မင်းလှနှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာမွန်တို့ တက်ရောက်ခဲ့ပါသည်။



