Government Personnel Management System (GPMS) သင်တန်းဖွင့်ပွဲ

Government Personnel Management System (GPMS) သင်တန်းဖွင့်ပွဲ

Posted on 25 August 2017

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) သင်တန်းခန်းမ၌ Government Personnel Management System (GPMS) ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀: ၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစိုးရဌာန များသည် e-Government လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တစ်ပြေးညီ အသုံးပြုရန် ရည်ရွယ်၍ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ အခမ်းအနားတွင်  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညွှန်ကြား ရေးမှူး (၁၀) ဦး၊ သင်တန်းသား (၂၆ )ဦးဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။