၂၀၁၇ အထူးဧည့်သည်တော်ပညာသင်အစီအစဉ်သို့ တက်ရောက်ခြင်း

၂၀၁၇ အထူးဧည့်သည်တော်ပညာသင်အစီအစဉ်သို့ တက်ရောက်ခြင်း

Posted on 31 August 2017

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းညီညီချစ်သည် ဂျပန်နိုင်ငံ၊ University of Tokyo နှင့် Daiwa Securities Group Inc. တို့ပူးပေါင်း ဖွင့်လှစ်ပို့ချသည့်၂၀၁၇ အထူးဧည့်သည်တော် ပညာသင် အစီအစဉ် (2017 Special Guest Student Program ) သင်တန်းသို့ တက်ရောက်ရန်အတွက် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ထွက်ခွာခဲ့ပါသည်။ အဆိုပါသင်တန်း သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အထိ သင်တန်းကာလ ၆ လကြာမြင့် မည်ဖြစ်ပါသည်။