MYANMAR S.M.C GARMENT CO., LTD. နှင့် WORLD APPAREL MANUFACTURING CO., LTD. တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

MYANMAR S.M.C GARMENT CO., LTD. နှင့် WORLD APPAREL MANUFACTURING CO., LTD. တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 31 August 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အထည်ချုပ် လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ MYANMAR S.M.C GARMENT LIMITED နှင့် WORLD APPAREL MANUFACTURING CO., LTD. တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ထားမှု အခြေ အနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုထည့်ဝင်မှုအခြေအနေစသည်များကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။