JICA နှင့် DICA တို့ အာမခံစျေးကွက်အကြောင်း ဆွေးနွေးခြင်း

JICA နှင့် DICA တို့ အာမခံစျေးကွက်အကြောင်း ဆွေးနွေးခြင်း

Posted on 06 September 2017

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏  အာမခံစျေးကွက်  ခိုင်မာ အားကောင်းစေရန် ဆန်းစစ်ခြင်းများအတွက် long term expert ဖြစ်သူ Mr Tsuyoshi Saito သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ရန်ကုန်မြို့၌  ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး အား လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အာမခံစျေးကွက် ဖွံ့ဖြိုးတိုးတက်မှု အလား အလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။