ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ အကူအညီအစီအစဉ်ကို တင်ပြသည့် အခမ်းအနားနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ အကူအညီအစီအစဉ်ကို တင်ပြသည့် အခမ်းအနားနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

Posted on 26 September 2017

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမာလာမျိုးညွန့်သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ         ၂၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ သည့် “ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ အကူအညီ အစီအစဉ်ကို တင်ပြသည့် အခမ်းအနားနှင့် ဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့ပါသည်။

ပထမနေ့တွင် United Nations Plaza ၌ ကျင်းပပြုလုပ်ခဲ့သည့် “ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း ဦးစားပေးလုပ်ငန်းများဆိုင်ရာ ဆွေးနွေးပွဲ” သို့ လည်းကောင်း၊ ဒုတိယနေ့တွင် United Nations Headquarters ၌ ကျင်းပပြုလုပ်ခဲ့သည့် “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှုအကူအညီပေးရေး အစီအစဉ်ဆိုင်ရာ အစည်းအဝေး”သို့ လည်းကောင်း တက်ရောက်ခဲ့ပါသည်။