“The Socio-Economic Atlas of Myanmar”စာအုပ်မိတ်ဆက်ပွဲအခမ်းအနား

“The Socio-Economic Atlas of Myanmar”စာအုပ်မိတ်ဆက်ပွဲအခမ်းအနား

Posted on 02 October 2017

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်း၍  မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ အခွင့်အလမ်းများစွာကိုဖော်ပြထားသည့် “The Socio-Economic Atlas of Myanmar” စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို၂၀၁၇ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဆီဒိုနားဟိုတယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် Head of Cooperation at the Embassy of the Federal Republic of Germany ဖြစ်သူMsKatharina Spiessတို့မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး Head of GIZ programme “Strengthening Capacities of the Private Sector” in Myanmar ဖြစ်သူ Irina Scheffmann နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့် တို့မှ “The Socio-Economic Atlas of Myanmar”နှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့ကြပါသည်။

အဆိုပါစာအုပ်တွင် အလားအလာရှိသောရင်းနှီးမြှုပ်နှံသူများထံသို့ အသုံးဝင်မည့် သတင်း အချက်အလက်များ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တက်လာစေရန်အတွက် The Socio-Economic Atlas of Myanmar တွင် မြန်မာနိုင်ငံ၏ ရေမြေအနေအထား၊ လူဦးရေ၊ ရာသီဥတု၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးကဏ္ဍ အသီးသီးနှင့် စပ်လျဉ်း၍ မြေပုံများ၊ အကျဉ်းချုံးဖော်ပြချက်များစသည့် အချက်အလက်ပေါင်းများစွာကို ထည့်သွင်းဖော်ပြ ထားပါသည်။