“How to obtain MIC Permit Handbook” ကိုအသစ်ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီပြင်ဆင်ရေးအတွက် Process Mapping Workshopအား ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဆန်းမြင့်နှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့မှ တာဝန်ရှိသူများစုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။



