မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပူးပေါင်း၍ Korea-Myanmar Gimpo Valley Industrial Complex Southeast Asian Market Investment Group Dispatch Plan အရ Korea Myanmar Business Conference and Business Matching အခမ်းအနားကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကိုရီးယားနိုင်ငံမှ အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်း၊ မီးသတ်ပိုက်ခေါင်း ထုတ်လုပ်သည့်လုပ်ငန်း၊သံနှင့်စတီးခုတ်ဓားစက် များထုတ်လုပ်သည့်လုပ်ငန်း၊ နည်းပညာသုံး ရေစုပ်ပန့်ထုတ်လုပ်မှုလုပ်ငန်းများ၊ရွေ့လျားသန့်စင်ခန်း ရွေ့လျား လုံခြုံရေးဂိတ်နှင့် ဘတ်စ်ကားမှတ်တိုင်များ တည်ဆောက်ခြင်းလုပ်ငန်း၊ နေရောင်ခြည်သုံး စွမ်းအင် ထုတ်လုပ်မှု လုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်း (၁၉)ခု ပါဝင်တက်ရောက်ခဲ့ပြီး၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် (၁၈) ဦးနှင့် Business Matching ပြုလုပ်၍ စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။







