ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ (၁၆/၂၀၁၇)ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒ ဖော်ထုတ် ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်ရုံးချုပ်တွင် ညွှန်ကြား ရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဌာနခွဲများမှ အရာထမ်း ၊ အမှုထမ်းများ တက်ရောက် ခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ အကဲဖြတ်လွှာတွင် ကျေနပ်ဖွယ်ရာ အမည်စာရင်းဖော်ပြခြင်းခံရသည့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၆) ဦးတို့ အား ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။







