မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇ခုနှစ်) မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကိုရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် Asian Development Bank-ADB တို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် Melia Hotel၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မိတ်ဆက်ရှင်းလင်းပွဲ၏အဓိကရည်ရွယ်ချက်များမှာအသစ်ပြဋ္ဌာန်းပြီးသောမြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် ယခင်ဥပဒေပြောင်းလဲမှုအခြေအနေများ၊ ဥပဒေအသစ်ကျင့်သုံးဆောင် ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဥပဒေအသစ်ကျင့်သုံးသည့် အခါ ဆောင်ရွက်ရန် ရှိသည့် အခြေအနေများကို ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့်အတူADB ၏ တာဝန်ခံများတို့ကရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မိတ်ဆက်ရှင်းလင်းပွဲအစီအစဉ်သို့ အစိုးရဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များနှင့် မီဒီယာများစုစုပေါင်း ၁၅၀ ကျော် တက်ရောက်ပါသည်။






