ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် အကဲဖြတ်နိုင်ရန် ရည်ရွယ်၍ competency model နှင့် သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ရာ VDB Loi မှ HR manager ဖြစ်သူ Ms. Paula Nicolas မှ competency model နှင့်စပ် လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ VDB Loi မှ Ms. Stephanie Yap ၊ Min Thiha Kaung နှင့် ဌာနမှ အရာထမ်း၊ စုစုပေါင်း (၁၅)ဦး တက်ရောက်ခဲ့ပါသည်။



