Myanmar-Korea Investment Promotion Seminar ကျင်းပခြင်း

Myanmar-Korea Investment Promotion Seminar ကျင်းပခြင်း

Posted on 09 February 2018

Myanmar-Korea Investment Promotion Seminar ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် အာဆီယံ-ကိုရီးယားဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ပါ သည်။

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-wha နှင့် အာဆီယံ-ကိုရီးယား ဗဟိုဌာနမှ အထွေထွေ အတွင်းရေးမှူး Mr. Kim Young-sun တို့မှ အဖွင့်အမှာ စကားပြောကြားကြပါသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိ များ၊  အာဆီယံ-ကိုရီးယားဗဟိုဌာနမှ တာဝန်ရှိသူများ၊ ကိုရီးယား နိုင်ငံမှ ရင်းနှီး မြှုပ်နှံသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

ညနေပိုင်းတွင် One on one business matching session ကို ကျင်းပခဲ့ပြီး မြန်မာကုမ္ပဏီ (၁၇) ခုနှင့် ကိုရီးယားကုမ္ပဏီ (၁၂) ခုတို့မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ Mission တွင် အခြေခံအဆောက်အအုံနှင့် ထုတ်လုပ်မှုကဏ္ဍများမှ ကိုရီးယား ရင်းနှီးမြှုပ်နှံ သူများ ပါဝင်ပြီး မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လေ့လာရန်နှင့် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံ သူများနှင့် စီးပွားရေးကွန်ယက်ရယူရန် အတွက် လာရောက်ခြင်း ဖြစ်ပါ သည်။