ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 17 February 2018

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ(၂/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးကို၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အပါအဝင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် များနှင့် အထူးဖိတ်ဧည့်သည်(၁)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကွင်းဆင်းစစ်ဆေးမှုကိစ္စရပ်များ၊ ကယား ပြည်နယ်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လေ့လာမှု အစီရင်ခံစာနှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်(Kayah Investment Forum)ကိစ္စတို့ကို ဆွေးနွေးခဲ့ပါသည်။