နယူးဇီလန်နိုင်ငံ ကုမ္ပဏီများဆိုင်ရာဌာနမှ မှတ်ပုံတင်အရာရှိ Ms. Mandy McDonald ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ ဦးအောင်နိုင်ဦးနှင့် ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့ တွင် လာရောက်၍ ကုမ္ပဏီ မှတ်ပုံတင်စနစ်သစ် အကောင်အထည်ဖော်ရာတွင် အကူအညီပေးရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။


