မြန်မာရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲများကျင်းပခြင်း

မြန်မာရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲများကျင်းပခြင်း

Posted on 09 March 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့သည်  ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ထိုင်း နိုင်ငံရှိ ထိုင်းရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (Thailand Board of Investment) ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကို လေ့လာရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ထိုင်းနိုင်ငံသို့ သွားရောက်လျက်ရှိပါသည်။

ခရီးစဉ်အတွင်း ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် မြန်မာရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲများအား ကျင်းပပြုလုပ်ခဲ့ပါသည်။  နံနက်ပိုင်း ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Thailand Chamber of Commerce ရုံးတွင် လည်းကောင်း၊ နေ့လည်ပိုင်း ဆွေးနွေးပွဲအား One Start One Stop Investment Center တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း (၂၀) ဦးခန့် နှင့် ထိုင်းနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နေသည့် ဂျပန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း (၄၇) ဦးခန့် အသီးသီး တက်ရောက်ခဲ့ပါသည်။