ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့်အဖွဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့်အဖွဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း

Posted on 11 March 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းနှင့်အတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့် နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိကြီးများ ပါဝင်သောအဖွဲ့သည် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဌာနဆိုင်ရာ ပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံ၍ ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာစီမံကိန်းများ၊ SME ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။