ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး နှင့် သုတေသနဖွံ့ဖြိုးရေးဌာနခွဲမှ ဝန်ထမ်းများအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ဆိုင်ရာ ကျင့်ဝတ်များ၊ တာဝန်များနှင့် အခန်းကဏ္ဍများကို သိရှိနားလည်နိုင်ရန် ရည်ရွယ်၍ GIZ (Myanmar) ၏ အကူအညီဖြင့် HR team training အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်ရုံးချုပ်၌ ၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းအား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် သုတေသန ဖွံ့ဖြိုးရေးဌာနခွဲမှ ဝန်ထမ်း(၉)ဦး တက်ရောက်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။



