မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr.Yang Shouzheng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အား ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့ တွင် လာရောက်တွေ့ဆုံခဲ့ပြီး မွေးမြူရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာ ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ၊ ငါးပုဇွန် မွေးမြူရေး ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေကို ရှင်းလင်းပြောကြား၍ ရင်းနှီးမြှုပ်နှံ မှုများ လာရောက် ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။


