Posted on 22 March 2018
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယ ဦးစီးမှူး ရာထူးနေရာများအတွက် ရုံးချုပ်တွင် ရေးဖြေစာမေးပွဲအောင်မြင်သည့် ၃၈ ဦးအား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ဦးဆောင်၍ အဖွဲ့ဝင် ၃ဦးဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် လူတွေ့/နှုတ်ဖြေ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။



