Hundred Garment (Myanmar) Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Hundred Garment (Myanmar) Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 09 April 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖွဲ့စည်းထားသော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် အကွက် အမှတ်-၁၄၀၊ မြေတိုင်းရပ်ကွက်အမှတ်-၅၁၊ သာဓုကန်စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Hundred Garment (Myanmar) Co., Ltd. သို့ ၂၀၁၈ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် သွားရောက် စစ်ဆေးခဲ့ပါသည်။မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုများ ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားဦးစီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားပါသည်။ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏(၃)လပတ် အစီရင်ခံစာများ၊ စီးပွားစတင်ရန် ဆောင်ရွက်ရန် အချိန်နှင့်တပြေးညီ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ စက်ပစ္စည်းတပ်ဆင်ထားမှုများ၊ အလုပ်သမား ခန့်ထားမှုများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ၊ Corporate Social Responsibility (CSR) အစီအစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်များအား ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဦးဆောင်သည့် အဖွဲ့နှင့် ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်စစ်ဆေးခဲ့ကြပါသည်။