မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုမိန့်ဖြင့် ငွေစုစာအုပ်၊ ချက်စာအုပ်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၆၁၊ မြေတိုင်းရပ်ကွက်အမှတ်- အပိုင်း ၃၊ စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar Deco- TBSP Special Products Company Limited သို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင်သွားရောက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ငွေစုစာအုပ်၊ ချက်စာအုပ်များ ထုတ်လုပ်နေမှုအခြေအနေ၊ ပြည်တွင်းဖြန့်ဖြူး ရောင်းချမှုအစီအစဉ်နှင့် လုပ်သားများလေ့ကျင့်ခန့်ထားမှုအခြေအနေများကို တင်ပြကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် စျေးကွက်ရရှိနိုင်ရေး တို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။



