ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ကြီးမှူးကျင်းပပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီဌာန၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ German Cooperation Implemented through GIZ နှင့် Myanmar Investors Development Association (MIDA)တို့၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ၂၀၁၈ခုနှစ် မေလ ၉ ရက်နေ့တွင် Novotel Yangon Max Hotel ၌ Yangon Investment Forum 2018 (YIF 2018) ကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Forum တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သော တည်ဆဲဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ၊ ရန်ကုန်တိုင်း ဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ၊ အခွင့်အလမ်းများ၊ အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများ၊ ရန်ကုန် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှင်းလင်းလွယ်ကူမြန်ဆန် ထိရောက်သော လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ပေးမှုများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ၊ လက်ရှိဆောင်ရွက် လျက်ရှိသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ အထူးအောင်မြင်လျက်ရှိသည့် သီလဝါ အထူးစီးပွား ရေးဇုန်၏ရင်းနှီးမြှုပ်နှံမှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ မေးခွန်းများကို တိုက်ရိုက်မေးမြန်း ရှင်းလင်းပြောကြား နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။
Forum ၏ နံနက်ပိုင်းတွင် New Investment Application Procedure ကို ဦးတည်ဆွေးနွေး ကြမည် ဖြစ်ပြီး၊ မွန်းလွဲပိုင်းတွင် Investment Opportunities in the Yangon Region ကို ဆွေးနွေး မည်ဖြစ်ပါသည်။
Forum တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ GIZ၊ PwC Myanmar ၊ Myanmar Investors Development Association (MIDA)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့မှ Pavilion (၄)ခု တို့ဖြင့် Investment Application Guide Book ၊ Doing Business in Yangon နှင့် Taxation Guide Book တို့ အပါအဝင် တက်ရောက် လာမည့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအတွက် လိုအပ်သော သတင်းအချက်အလက်များနှင့် လုပ်ထုံး လုပ်နည်းဆိုင်ရာများကို တစုတစည်းတည်း စုံလင်စွာ ခင်းကျင်းပြသမည်ဖြစ်ပါသည်။
Forum သို့ တက်ရောက်လာမည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ ကောင်းမွန်သော စီးပွား ဆက်သွယ်မှုများ တစ်ပါတည်းရရှိစေရန် ညပိုင်းတွင် Myanmar Investors Development Association (MIDA) က Networking Dinner ကို တည်ခင်းဧည့်ခံမည်ဖြစ်ပါသည်။
Forum ကို တက်ရောက်လိုသူများအနေဖြင့် www.yangoninvestmentforum.comတွင် ဝင်ရောက်၍ registration ပြုလုပ်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ


