Myanmar CNMC Nickel Co.,Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

Myanmar CNMC Nickel Co.,Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 02 May 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတောင်နီကယ်သတ္တုသိုက်မှ ဖယ်ရိုနီကယ် သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Myanmar CNMC Nickel Co.,Ltd  သို့ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည် များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။