လုပ်ငန်းခွင် လက်တွေ့လေ့လာရေး(Internship) သင်တန်းဖွင့်ပွဲအခမ်းအနား

လုပ်ငန်းခွင် လက်တွေ့လေ့လာရေး(Internship) သင်တန်းဖွင့်ပွဲအခမ်းအနား

Posted on 02 May 2018

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဖွံ့ဖြိုးမှုပညာဌာနမှ ဖွံ့ဖြိုးမှုပညာ ဘွဲ့တက်ရောက်နေသော ကျောင်းသူ/ကျောင်းသားများနှင့်ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပြင်သစ်ဘာသာ ဝိဇ္ဇာ ဘွဲ့ကြို တက်ရောက်နေသော ကျောင်းသူ/ကျောင်းသားများအား လုပ်ငန်းသဘောတရားများကို နားလည်ပြီး အလုပ်ခွင်တွင်အဆင်ပြေစွာလုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းကျွမ်းကျင်ရန်၊ ပေါင်းသင်း ဆက်ဆံမှုကောင်းမွန်ရန်စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့ နံနက် (၀၉:၃၀)  နာရီတွင် ရန်ကုန်(ရုံးချုပ်)၌ ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေးပြုလုပ်မည့် ကျောင်းသားများအပါအဝင် စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။လုပ်ငန်းခွင် လက်တွေ့လေ့လာရေး ကာလမှာ ရက်သတ္တ (၄) ပါတ်ကြာ မြင့် မည်ဖြစ်ပါသည်။