AYA Financial Group မှ Financial Product နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား

AYA Financial Group မှ Financial Product နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား

Posted on 03 May 2018

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဘဏ္ဍာရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် AYA Financial Group ၏ Product များ အကြောင်း သိရှိစေရန် ရည်ရွယ်၍ Financial Product Presentation ကို ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် ရန်ကုန်(ရုံးချုပ်) ၌ ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  အဆိုပါ အခမ်းအနားသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ အပါအဝင် စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ပါသည်။