Myanmar GIGI Leather Goods Manufactory Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Myanmar GIGI Leather Goods Manufactory Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 04 May 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်နှင့် အမျိုးသမီးသုံး လက်ကိုင်အိတ်များ၊ ခေါက်ပိုက်ဆံအိတ်နှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်ခြင်း လုပ်ငန်းဆောင် ရွက်လျက်ရှိသည့် မြေကွက် အမှတ်-၉၆ ၊ မြေတိုင်းရပ်ကွက်အမှတ်-၅၁ ၊ သာဓုကန်စက်မှုဇုန် ၊  ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar GIGI Leather Goods Manufactory Co.,Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန နှင့် အလုပ်သမား ညွန်ကြားမှုဦးစီးဌာန တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ပြီးစီး မှုအခြေအနေ၊ အလုပ်သမား ခန့်ထားမှု ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် ၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ ၊ ရင်းနှီး မြှုပ်နှံမှု ထည့်ဝင်မှုအခြေအနေ စသည်များကို ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။