မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ရှင်းလင်းပွဲ အခမ်းအနား

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ရှင်းလင်းပွဲ အခမ်းအနား

Posted on 30 May 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ AustCham Myanmar နှင့် မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇) ရှင်းလင်းပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက်ပိုင်း တွင် မန္တလေးမြို့၊မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တိုင်းအဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် များ၊ ပုဂ္ဂလိက အသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းနှင့် ပြည်နယ်ရုံးခွဲများမှ တာဝန်ရှိသူများနှင့် AustCham Myanmar မှ ဥပဒေရေးရာ အကြံပေးများ စုစုပေါင်း (၁၃၀) ခန့် တက်ရောက်ကြပါသည်။