အသိပေးကြေညာချက်

အသိပေးကြေညာချက်

Posted on 08 June 2018

၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ စတင်အာဏာ တည်ပြီး အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် Myanmar Companies Online “MyCO” ကို စတင် ကျင့်သုံးမည် ဖြစ်ပါ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကုမ္ပဏီရေးရာဌာနခွဲအနေဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ (တနင်္လာနေ့) မှ စ၍ ဇူလိုင်လ ၃၁ ရက်နေ့ (အင်္ဂါနေ့) အထိ လုပ်ငန်းများ ခေတ္တရပ်နားထားမည် ဖြစ်ပြီး ကုမ္ပဏီ ဆိုင်ရာ မှတ်ပုံတင် လုပ်ငန်းများကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် “MyCO” နှင့် အတူ ပြန်လည်ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန