ASEAN Night at Hong Kong

ASEAN Night at Hong Kong

Posted on 29 June 2018

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် Dashun Foundation မှ ကျင်းပပြုလုပ်သည် ASEAN Night ညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ASEAN Night ညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ မိန့်ခွန်းပြောကြားခဲ့ပြီး အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ ဟောင်ကောင်မှ အရာရှိကြီး များနှင့် ဟောင်ကောင်နှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။