International Green Land Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

International Green Land Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 29 June 2018

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်တုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ International Green Land Company Limited ၏ ဟိုတယ်နှင့်ကလေးကစားကွင်းလုပ်ငန်းသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပါသည်။