Online Company မှတ်ပုံတင်စနစ် (MyCO) အသုံးပြုမှုအခြေအနေအား ညွှန်ကြားရေးမှူးချုပ် ကြည့်ရှုစစ်ဆေး

Online Company မှတ်ပုံတင်စနစ် (MyCO) အသုံးပြုမှုအခြေအနေအား ညွှန်ကြားရေးမှူးချုပ် ကြည့်ရှုစစ်ဆေး

Posted on 01 August 2018

၂၀၁၈ခုနှစ် သြဂုတ်လ(၁) ရက်နေ့တွင် စတင်အာဏာသက်ဝင်သော မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ နှင့်အတူ Online ကုမ္ပဏီမှတ်ပုံတင်စနစ် Myanmar Companies Online (MyCO) ဆောင်ရွက်နေမှု အခြေအနေအား ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ယနေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ယနေ့သည် Online ဖြင့် ကုမ္ပဏီမှတ်ပုံတင်စနစ် ဆောင်ရွက်ရန် အတွက် လူအများစိတ်ဝင်စားကြသည့် အချိန်ဖြစ်သဖြင့် လူအားလုံးတစ်ပြိုင်တည်း အသုံးပြုကြမည်ဖြစ်၍ အင်တာနက်အမြန်နှုန်းများ ကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် အင်တာနက်မြန်နှုန်းများ ယခုထက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် မှာကြား ခဲ့ပြီး၊ ပြည်ပမှ ပညာရှင်များနှင့် ဌာနမှဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

လက်ရှိအချိန်တွင် MyCO စနစ်အဆင်ပြေစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။