Asia Development Bank မှ Senior Trade Specialist နှင့် တွေ့ဆုံဆွေးနွေးခြင်း

Asia Development Bank မှ Senior Trade Specialist နှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 20 August 2018

Asia Development Bank မှ Senior Trade Specialist ဖြစ်သူ Mr. Kanya S. Sasradipoera နှင့် ကိုယ်စားလှယ် (၂) ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ဘာသာရပ်ဆိုင်ရာ အရာထမ်း တို့အား ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ(၂၀) ရက်၊ (တနင်္လာနေ့) ၁၀:၀၀ နာရီချိန်တွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့၏ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ရရှိပြီးသော ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၏ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ရရှိပြီးသည့်အချိန်မှ စီးပွားဖြစ် စတင် လည်ပတ်သည့် အချိန်အထိ အမှန်တကယ် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ ဆန်းစစ်ရန်၊ Post-Permit နောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူ များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်သော အကြံဉာဏ်ပေးနိုင်မည့် Pilot Program on Investment Actualization Support (Investment Actual Services-IAS) ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နည်းပညာ အကူအညီ ရရှိနိုင်ရေး ဆွေးနွေးခဲ့ပါသည်။