International Finance Corporation (IFC)နှင့် တွေ့ဆုံဆွေးနွေးခြင်း

International Finance Corporation (IFC)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 17 September 2018

International Finance Corporation (IFC) မှ Senior Private Sector Specialist ဖြစ်သူ Mr. Xavier Forneris ဦးဆောင်သော အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့်၂၀၁၈ခုနှစ်စက်တာဘာလ ၁၇ ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်စေရေး သင်တန်းပို့ချခြင်း၊ ရင်းနှီးမြှုပ်နှံသူများ၏ နစ်နာမှုကိုဖြေရှင်းသည့်နည်းလမ်းများ၊ Standard Operation Procedures (SOP)ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။