Myanmar Pongpipat Co., Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

Myanmar Pongpipat Co., Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 27 September 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မေတ္တာ မြို့နယ်၊ မြောင်းပြိုကျေးရွာတွင် Myanmar Pongpipat Co., Ltd မှ တူးဖော်ဆောင်ရွက်လျက် ရှိသည့် ဟိန္ဒားသတ္တုမိုင်း သို့ တနင်္သာရီတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း ဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ လ ၂၆ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း နှင့် သတ္တုသက်တမ်းတိုးထုတ်လုပ်ခြင်း၊ ကုမ္ပဏီမှဆောင်ရွက်နေသော CSR ဆောင်ရွက်ချက်များနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။