ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေး တွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးညီပုအပါအဝင် ကော်မတီအဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာ သည့် အတည်ပြု လျှောက်ထားလွှာများကို ဆွေးနွေးခဲ့ပြီး အတည်ပြုမိန့် ၁ ခုကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ ပါသည် ။



