အလုပ်အကိုင် အခွင့်လမ်းပေါင်း ၅၄၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခု အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

အလုပ်အကိုင် အခွင့်လမ်းပေါင်း ၅၄၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခု အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

Posted on 18 November 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၉ / ၂၀၁၈) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး အစည်းအဝေးမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၅၄၉၃) ဦး ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇)ခု အားခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ ပါဝင်ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၉) ဦး တက်ရောက်ကြပါသည်။